Powered by Blogger.

လီဗာပူး အသင်းကိုပြောင်းချင်နေတဲ့ C.Benteke ၊ တော့တင်ဟမ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချ




ဘယ်လ်ဂျီယံ နိုင်ငံသား Christian Benteke ဟာ တော့တင်ဟမ် အသင်းရဲ့ စိတ်ဝင်စားနေမှုကို ပယ်ချလိုက်ပြီး လီဗာပူး ကို ပြောင်းရွှေ့ဖို့ သေချာသွားပြီလို့ သတင်းဖော်ပြချက်တွေအရသိရပါတယ်။

တိုက်စစ်မှုး Benteke ဟာ အက်စတွန်ဗီလာ အသင်းကို ဒီနှစ်နွေရာသီမှာ စွန့်ခွာဖို့ ကြိုးစားနေပါတယ်။

တော့တင်ဟမ် အသင်းကလည်း သဘောတူညီမှု ရရှိဖို့ကြိုးစားနေပေမယ့် လီဗာပူး အသင်းကတော့ Christian Benteke ကို စာချုပ်ချုပ် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြထားကြပါတယ်။

Christian Benteke ကိုယ်တိုင်ကလည်း တော့တင်ဟမ် အသင်းရဲ့ ကမ်းလှမ်းလာမှု ကို ငြင်းပယ်ခဲ့ပါတယ်။ ငြင်းပယ်ခဲ့ရတဲ့အကြောင်းအရင်းကတော့ သူ့အနေနဲ့ လီဗာပူး ရဲ့ အန်ဖီးလ် ကွင်းကို ပြောင်းချင်နေတဲ့ ဆန္ဒကြောင့်ပဲ ဖြစ်ပါတယ်။

လီဗာပူး အသင်းဘက်ကလည်း Benteke ကို စာချုပ်ချုပ် ခေါ်ယူနိုင်ဖို့အတွက် အသည်းအသန် ကြိုးစားနေပေမယ့် အပြောင်းအရွှေ့ သဘောတူညီမှု ကြန့်ကြာနေရတဲ့ အကြောင်းအရင်းကတော့ ဘယ်လ်ဂျီယံ နိုင်ငံသား ရဲ့ စတာလင်ပေါင် ၃၂ သန်း တန် တဲ့ ပြောင်းရွှေ့ကြေးကို လီဗာပူးအသင်းဘက် က မပေးချင်တဲ့ အတွက်ပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment