Powered by Blogger.

Loic Remy ကို အသင်းကထွက်ခွာမသွားနိုင်အောင် Mourinho တားမြစ်




ချဲလ်ဆီးအသင်းရဲ့ မန်နေဂျာ Jose Mourinho ဟာ အသင်းရဲ့ တိုက်စစ်မှုးတစ်ယောက် ဖြစ်တဲ့ Loic Remy တစ်ယောက် အသင်းကနေ စတာလင်ပေါင် ၁၅ သန်း နဲ့ ထွက်ခွာတော့မှာကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးကတည်းက ခရစ္စတယ်ပဲလေ့စ် ၊ ဆွမ်ဆီး နဲ့ ၀က်စ်ဟမ်း အသင်းတို့ကလည်း ပြင်သစ် နိုင်ငံသား Loic Remy ကို တစ်ပတ်လုပ်အားခ စတာလင်ပေါင် ၈၀၀၀၀ နဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းကို ထုတ်ဖော်ပြောပြထားပါတယ်။

Loic Remy ဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ကျူပီအာ အသင်းကနေ ချဲလ်ဆီးအသင်းသို့ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် Diego Costa ရဲ့ အရံကစားသမား အဖြစ်နဲ့ သာ ရှိနေခဲ့ရပြီး မကြာမီ ရက်ပိုင်းအတွင်း မိုနာကို အသင်းကနေ အငှားစာချုပ်နဲ့ ရောက်လာတော့မယ့် ကိုလံဘီယာ စူပါစတား Radamel Falcao ကလည်း Remy ရဲ့ အနာဂါတ်ကို ချဲလ်ဆီးအသင်းမှာ ဆက်လက် ရှိမနေစေချင်ရန် ဖန်တီးလိုက်ပြန်ပါတယ်။

ချဲလ်ဆီးအသင်းကလည်း အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှုး Remy အတွက် ကမ်းလှမ်းမှုတိုင်းကို စတာလင်ပေါင် ၁၅ သန်းထက်မနည်းဖို့ ပြောထားပေမယ့် ကမ်းလှမ်းတဲ့ အသင်းတွေက မလိုက်နာတဲ့အခါမှာ Remy ကို ရောင်းမထုတ်တော့ပဲ ဆက်လက်ခေါ်ယူထားချင်ခဲ့ပုံရပါတယ်။

နောက်ဆုံး အခြေအနေတွေအရတော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲံ ဘောလုံးရာသီမှာ ၇ ဂိုးသွင်းယူပေးထားနိုင်သူ တိုက်စစ်မှုး Remy ကို ရောင်းထုတ်မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ချဲလ်ဆီးအသင်းအတွက်က မကြာခင်ရောက်လာတော့မယ့် Radamel Falcao ဟာလည်း လွန်ခဲ့တဲ့ ၁၇ လခန့်က ဒူးခေါင်းဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ချက်စတာယူနိုက်တက် အသင်းမှာလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ကိုလည်း ပုံအောပြီး ယုံလို့မရသေးတာကြောင့် Remy ကို ချဲလ်ဆီး အသင်းက စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းကြီးမှာ ဆက်လက်ရှိနေစေချင်ခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment