Powered by Blogger.

ှSergio Ramos မန်ယူ ကို မပြောင်းဘူးလို့ သူ့ရဲ့မိခင် ဆို




ရီးရဲမက်ဒရစ် အသင်းရဲ့ ကစားသမား Sergio Ramos ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းမှာ မဟုတ်ပါဘူး။

ဒီသတင်းကို ပြောကြားသွားတာကတော့ စပိန်လက်ရွေးစင်ကစားသမား Sergio Ramos ရဲ့ မိခင်ပဲ ဖြစ်ပါတယ်။

Sergio Ramos ရဲ့ မိခင်ဖြစ်သူကို မက်ဒရစ်မြို့မှာ တွေ့လိုက်ရစဉ် သတင်းမီဒီယာ တစ်ခုက ကားပြတင်းပေါက်ကနေ မေးခွန်းအနည်းငယ် မေးမြန်းခဲ့ရာမှာ Sergio Ramos ရဲ့ မိခင်က ဖြေကြားပေးခဲ့တာပဲဖြစ်ပါတယ်။

သူမကို မက်ဒရစ်မှာပဲ ရှိနေချင်သေးလားလို့မေးတဲ့အခါမှာ သူမက "'ဒါပေါ့ မက်ဒရစ်မှာ အားလုံးရှိတယ်" လို့ ပြန်ဖြေခဲ့ပြီး မန်ချက်စတာ ကို ပြောင်းချင်လားလို့ မေးတဲ့အခါမှာတော့ "ငါတို့ရွှေ့ပြောင်းဖို့ မရှိဘူးလို့ငါထင်တယ် ။ သူကလည်း စပိန် ကို ချစ်ပါတယ်" လို့ သူမက ပြန်လည်ဖြေဆိုပြောကြားသွားပါတယ်။

နောက်ခံကစားသမား Sergio Ramos ရဲ့မိခင်က မန်ယူ ကို ပြောင်းဖို့သဘောမကျသလို့ မန်ယူရဲ့ Sergio Ramos ကိုခေါ်ယူဖို့ စတာလင်ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှုဟာလည်း ပယ်ချခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ညှိနှိုင်းဆွေးနွေးမှုဟာ ဆက်လက် လုပ်ဆောင်နေဦးမှာပါ။ ရီးရဲ မက်ဒရစ်ကလည်း မန်ယူ ဂိုးသမား David De Gea ကိုခေါ်ယူဖို့အတွက် အပြီးသတ်သဘောတူညီမှု မရေသေးတာကြောင့်လည်း ဖြစ်ပါတယ်။

Ramos ဟာ ရီးရဲမက်ဒရစ် ရဲ့ ဘာနေဗျူးကွင်းမှာ ၁၀ နှစ်ခန့် အချိန်ကုန်ဆုံးစေခဲ့ပြီး သူဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းချင်တဲ့အကြောင်းတွေကို တစ်ကြိမ်တစ်ခါတော့ ထုတ်ပြောဖူးခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment