Powered by Blogger.

ပရီးမီးယားလိဂ် ရာသီ အသစ်မှာ အသုံးပြုမယ့် ဘောလုံးပုံစံကို Nike ပြသ




ကမ္ဘာကျော် အားကစား ကုမ္မဏီ တစ်ခုဖြစ်တဲ့ Nike ကလာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီ အသစ်မှာ အသုံးပြုမယ့် ဘောလုံးပုံစံကို ထုတ်ပြန် ပြသခဲ့ပါတယ်။

အားကစား အ၀တ်အစားများ ဖြန့်ဖြူးရောင်းချတဲ့ Nike က တော့ ထို ဘောလုံးဟာ တစ်ခါမှ ထွက်ပေါ်ခဲ့ခြင်းမရှိတဲ့ အဆင့်မြင့် ဘောလုံး တစ်လုံးဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။

ထို ဘောလုံးကိုတော့ နောက်လ စင်္ကာပူ နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Barclays Asia Trophy မှာ ပထမဆုံး အကြိမ် စတင် အသုံးပြုကြမှာ ဖြစ်ပါတယ်။ 

Barclays Asia Trophy ကတော့ ဇူလိုင်လ ၁၅ ရက်နေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပြီး အာစင်နယ် ၊ အဲဗာတန် နဲ့ စတုတ်စီးတီး အသင်းတို့က သွားရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အခုအသစ်ထုတ်လုပ်ထားတဲ့ Ordem 3 ဘောလုံးရဲ့ ထူးခြားချက်ကတော့ အရောင်တွေပါပဲ။ မနှစ်က ထုတ်လုပ်ခဲ့တဲ့ ဘောလုံးဟာ အဖြူရောင်ကို အခြေခံထုတ်လုပ် ထားပေမယ့် ဒီနှစ်ထုတ်လုပ်လိုက်တဲ့ ဘောလုံးကတော့ အနီရောင် ပမာဏ ပိုများတာတွေ့ရမှာပါ။

Nike ရဲ့ ပြောကြားချက်အရတော့ Ordem 3 ဘောလုံးဟာ တိကျမှု ၊ သပ်ရပ်တဲ့ ထိတွေ့မှု နဲ့ အကောင်းဆုံး မြင်တွေ့နိုင်မှု တို့ကို ဖန်တီးပေးနိုင်တဲ့ ဘောလုံးဖြစ်တယ်လို့ သိရပါတယ်။ ထိုဘောလုံးတွေကိုတော့ ဇူလိုင် ၁ ရက်နေ့ က စတင်ပြီး nike.com နဲ့ Nike စတိုးဆိုင်တွေ မှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment