Powered by Blogger.

မန်ယူမှာ ၂၀၁၉ အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ Phil Jones



မန်ယူ နောက်တန်း ကစားသမား Phil Jones ဟာ သူ့ရဲ့ အနာဂတ်ကို မန်ယူမှာ ၂၀၁၉ ခုနှစ်အထိ သဘောတူ စာချုပ် သက်တမ်းတိုးပြီးတော့ သေချာစေခဲ့ပါတယ်။

ရီးရဲမက်ဒရစ် အသင်းက နောက်တန်းကစားသမား Sergio Ramos ကို ခေါ်ယူဖို့ အပြင်းအထန်ကြိုးစားနေပေမယ့်လည်း အင်္ဂလန် လက်ရွေးစင် ကစားသမား Phil Jones ကိုတော့ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အသင်းမှာပဲ ဆက်လက်ရှိနေစေချင်နေပါတယ်။

Phil Jones ရဲ့ အရင် သဘောတူညီမှုစာချုပ်ဟာ နောက်နှစ်နွေရာသီမှာ စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ဗဟိုနောက်ခံ ကစားသမား Phil Jones ရဲ့ ကိုယ်ရေးအရာရှိတွေနဲ့ အိုးထရက်ဖို့ဒ်ကွင်းက အကြီးအကဲတွေဟာ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်တယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ဘလက်ဘန်း အသင်းကနေ စတာလင်ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ Phil Jones ဟာ မန်ယူအသင်းမှာ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အနားယူနေရကာ အသင်းရဲ့ အချိန်များစွာကို ဖြုန်းတီးခဲ့ပေမယ့်လည်း မန်ယူအသင်းရဲ့ နည်းပြ တွေကတော့ သူဟာ ကမ္ဘာ့ အဆင့်မီ အရည်အချင်းမျိုးတွေ ရှိတဲ့ ကစားသမား တစ်ယောက် ဖြစ်လာနိုင်ချေ ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။

မန်ချက်စတာယူနိုက်တက် အနေနဲ့လည်း ၁၂ လသာ ကျန်တော့တဲ့ စာချုပ်သက်တမ်းအတွင်း Phil Jones အနေနဲ့ ပြောင်းရွှေ့သွားနိုင်တာကြောင့် တစ်ပတ်ကို လုပ်ခ - စတာလင်ပေါင် ၈၀၀၀၀ နဲ့ သဘောတူညီမှု အမြန်ဆုံး ရယူခဲ့တာပဲ ဖြစ်ပါတယ်။

Jones ဟာ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က Sir Alex Ferguson ကိုယ်တိုင်သူ့ကို ခေါ်ယူခဲ့ပြီးတဲ့နောက်သူ့ကိုယ်သူ အင်္ဂလန် အသင်းနဲ့ မန်ယူ အသင်းရဲ့ ပင်မ ခံစစ် အဖြစ် သတ်မှတ်ထားပြီး အရင် မန်ယူအသင်းရဲ့ ဂန္တ၀င်ကစားသမားတွေဖြစ်တဲ့ Nemanja Vidic နဲ့ Rio Ferdinand တို့လိုတော့ သူ့ရဲ့ ကစားကွက်တွေကို ပြောင်းလဲ ခဲ့ခြင်းမရှိပါဘူး။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment