Powered by Blogger.

ဘောလုံးစွမ်းရည်တွေပြသခဲ့တဲ့ Christiano Ronaldo ရဲ့ သားလေး




ရီးရဲမက်ဒရစ် ကစားသမား Christiano Ronaldo ကို သူ့ရဲ့ သားငယ်နဲ့ အတူ ဘဟာမာကမ်းခြေမှာ ဘောလုံးကစားနေတာကို တွေ့ခဲ့ရပါတယ်။

Christiano Jr လေး ဟာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့် အဖေများနေ့က သူ့ရဲ့ ငါးနှစ်ပြည့်မွေးနေ့ကို ကမ်းခြေမှာ ကျင်းပရင်း သူ့ရဲ့ ဖခင်နဲ့ အတူ ဘောလုံးစွမ်းရည်တွေ ပြခဲ့တာ ဖြစ်ပါတယ်။

ကမ်းခြေမှာ ရိုက်ကူးထားတဲ့ ပုံတွေမှာတော့ ရော်နယ်ဒိုဟာ သူ့သားဖြစ်သူရဲ့ Bicycle kick ကန်ဖို့ ကြိုးစားနေပုံကို ကြည့်ပြီး ဂုဏ်ယူနေတာ တွေ့ရပါတယ်။

အရင်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း C.Ronaldo ဟာ လွန်ခဲ့တဲ့ ၅ နှစ်ခန့် က ဆန်းကြယ်လှတဲ့ ဖြစ်ရပ်တွေနဲ့ အတူ ဘယ်သူမှန်းမသိသေးတဲ့ အမျိုးသမီးတစ်ဦးက ၂၀၁၀ ဇွန်လ ၁၇ ရက်နေ့မှာ သူ့ရဲ့သားလေး Christiano Jr. လေးကို မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် Ronaldo ဟာ ရီးရဲမက်ဒရစ် အသင်းမှာ ၆ နှစ်တိတိ ကျိန်စာမိနေခဲ့တဲ့ မီဒီယာ တွေသို့ဖြေကြားခွင့်ပိတ်ပင်ခံ ထားရမှု ကို အဆုံး သတ်လိုက်ပြီလို့လည်း ပြီးခဲ့တဲ့ အပတ်ကပဲ ဆိုထားပါသေးတယ်။

( TMW )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment