Powered by Blogger.

လူငယ်ကစားသမားတွေကို ထရိန်နင်းပေးဖို့ အဘိုးကြီးယောင်ဆောင်ခဲ့တဲ့ Xender Shaqiri




အင်တာမီလန် ကစားသမား Xender Shaqiri ဟာ ဘောလုံး ထရိန်နင်တစ်ခုပေးပြီး ဆွစ်ဇာလန်က လူငယ်ဘောလုံးသမားလေးတွေကို ပျော်စေခဲ့ပါတယ်။

SC Kriens junior C team က လူငယ်ကစားသမားလေးတွေကို ထရိန်နင် မပေးခင်မှာ Xender Shaqiri က အဘိုးအိုတစ်ယောက်လို ရုပ်ဖျက်ခဲ့ပါတယ်။

လူငယ်လေးတွေကိုတော့ Hansueli Strasser ဆိုတဲ့ နည်းပြကြီးက သင်တန်းတစ်ချိန်ပြသပေးမယ်လို့ မိတ်ဆက်ပေးခဲ့ပေမယ့်တကယ်တော့ မုတ်ဆိတ်ဖြူနဲ့ ဦးထုပ်ဆောင်းထားတဲ့ Shaqiri ပဲ ဖြစ်နေပါတယ်။

ဖရီးကစ်သင်ခန်းစာ ၊ ဖြတ်တင်ဘော သင်ခန်းစာတွေ သင်ပြ ပို့ချလို့ အပြီးမှာတော့ Shaqiri ဟာ ရုပ်ဖျက်ထားတာတွေကို အကုန်လုံး ဖယ်လိုက်ချိန်မှာတော့ ကလေးတွေအားလုံး ပျော်ရွှင်ခဲ့ရပါတယ်။

Xender Shaqiri ရဲ့ ရုပ်ဖျက်ပုံနဲ့ ကလေးတွေရဲ့ အပျော်တွေကို တော့ အောက်ပါ ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။



( TMW )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment