Powered by Blogger.

ချဲလ်ဆီးအသင်းက Oscar ကိုခေါ်ယူဖို့ ဂျူဗင်တပ်စ် ကြိုးစား




ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့တဲ့ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ် အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ အလယ်တန်းကစားသမား Oscar ကို ခေါ်ယူနိုင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် အသင်းရဲ့ နည်းပြဖြစ်သူ Massimiliano Allergri ဟာ ဒီလ အစောပိုင်းကတည်းက အသက် ၂၃ နှစ်အရွယ် Oscar ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ၀န်ခံထားပေမယ့်လည်း Oscar ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းကို စွန့်ခွာချင်တဲ့ ဆန္ဒမရှိဘူးလို့ ဆိုထားပါတယ်။

ဘရာဇီးလ် နိုင်ငံသား Oscar အတွက် ဆွေးနွေးစရာဖြစ်လာခဲ့တာကတော့ ချဲလ်ဆီးအသင်းကလည်း ဂျူဗင်တပ်စ် အသင်းက ကွင်းလယ်ကစားသမား Paul Pogba ကို ခေါ်ယူချင်နေပြီး Paul Pogba နဲ့ Oscar တို့ကို ပရီးမီယားလိဂ် ချန်ပီယံ နဲ့ စီးရီးအေ ချန်ပီယံ တို့က အလဲအထပ် လုပ်သွားဖွယ်ရှိနေပါတယ်။

Oscar ကို တော့ ဂျူဗင်တပ်စ် အသင်းရဲ့ မန်နေဂျာ Allergi က ဂျူဗင်တပ်စ် အသင်းအတွက် ခြေရိုင်း လေး ဖြစ်လာနိုင်တဲ့အတွက် ခေါ်ယူချင်တာ ဖြစ်တယ်လို့ ၀န်ခံထားပါသေးတယ်။

ရီးရဲ မက်ဒရစ် အသင်းမှ ကွင်းလယ် ဖန်တီးရှင် ကစားသမား Isco ကိုလည်း စိတ်ဝင်စားနေတဲ့ Allergi က "ကျွန်တော်က ဘယ်တော့မှ ရိုးမသွားတဲ့ ဘောလုံးအားကစားမှာ ရင်းနှီးမြှပ်နှံရတာကို ကြိုက်ပါတယ်။ လူစာရင်းထဲမှာ ခြေရိုင်း တစ်ယောက် ရှိနေတာဟာ အသင်းကို အမှတ်ပေးဇယားမှာ မတူညီတဲ့ ရလဒ်တွေ ဖန်တီးပေးနိုင်ပါတယ်။ကျွန်တော်ကတော့ ရီးရဲမက်ဒရစ်က Isco နဲ့ ဘရာဇီးလ်သား Oscar ကို သဘောကျပါတယ်" လို့ Allergi က ဆိုထားပါတယ်။
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment