Powered by Blogger.

ပရီးမီးယာလိဂ် သမိုင်းမှာ လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့ Sir Alex Ferguson




အရင်က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ မန်နေဂျာဖြစ်ခဲ့တဲ့ Sir Alex Ferguson ဟာ ပရီးမီးယာလိဂ် သမိုင်းမှာ လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ဂန္တ၀င် မန်နေဂျာကြီး Ferguson ဟာ ချဲလ်ဆီး သူဋ္ဌေး Roman Abramovich ၊ မီဒီယာ လုပ်ငန်းရှင် Rupert Murdoch နဲ့ ပရီးမီယားလိဂ် အမှုဆောင်အရာရှိချုပ် Richard Scudamore တို့ကို ကျော်လွန်ပြီး ထိုသတ်မှတ်မှု ကို ခံခဲ့ရတာပဲဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် မန်နေဂျာ တွေဖြစ်ကြတဲ့ Arsene Wenger ၊ Jose Mourinho တို့အပြင် David Beckham ဟာလည်း ထိပ်ဆုံး ၁၀ ယောက်စာရင်းထဲပါဝင်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း Ferguson ရဲ့ ကမ္ဘာ့စိတ်ဝင်စားဖို့အကောင်းဆုံးပွဲစဉ်များကို ၁၉၉၂ ခုနှစ်ကနေ စတင်ပြီး နှစ် ၂၀ တိုင်တိုင် ဖန်တီးနိုင်ခဲ့တာကိုတော့ ဘယ်သူမှ မငြင်းနိုင်ခဲ့ပါဘူး။

စကော့တလန် လူမျိုး မန်နေဂျာ Sir Alex Ferguson ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ မန်နေဂျာ အဖြစ် ဆောင်ရွက်နေစဉ် ကာလ အတွင်း ပရီးမီးယားလိဂ် ဆုဖလားကို ၁၃ ကြိမ်တိုင်တိုင်ရယူပေးနိုင်ခဲ့ပါတယ်။ 

Ferguson ဟာ ၁၉၈၆ ခုနှစ်မှာ မန်ယူ မန်နေဂျာ အဖြစ် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ အနားယူခဲ့ကာ မန်ယူအသင်းမှာ ၂၆ နှစ်တိတိ မန်နေဂျာ တစ်ယောက် အဖြစ် တာဝန်ယူခဲ့သူပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment