Powered by Blogger.

De Gea ကို ဂိုးသမား တစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရမှ ရောင်းမယ်လို့ မန်ယူ သတိပေး




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ ဂိုးသမား David De Gea ကို ဂိုးသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေးမှ ရီးရဲမက်ဒရစ် အသင်း သို့ ရောင်းချနိုင်မယ်လို့ သတိပေးလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂိုးသမား De Gea ကိုယ်တိုင်က မက်ဒရစ်ကို ပြန်ချင်နေတဲ့အတွက် မန်ယူ အနေနဲ့ De Gea ကို အသင်းမှာ ဆက်လက်ရှိနေစေနိုင်ဖို့အတွက် အခုလို တောင်းဆိုမှု တွေနဲ့ နှောင့်ယှက်မှ သာ ရတော့မှာဖြစ်ပါတယ်။

စပိန် နိုင်ငံသား De Gea နဲ့ မန်ယူအသင်းရဲ့ စာချုပ်သက်တမ်းဟာ ၁၂ လစာသာ ကျန်ရှိတော့တဲ့အတွက် ဘာပဲ ဖြစ်ဖြစ် စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်နေတဲ့ De Gea ကို မန်ယူ အနေနဲ့ လက်လွှတ်ရမှာတော့ အမှန်ပါပဲ။

၂၀၀၁ ခုနှစ်က ဂိုးသမား Gianluigi Buffon ရဲ့ ပါးမား အသင်းကနေ ဂျူဗင်တပ်စ် အသင်းကို စတာလင်ပေါင် ၃၂.၆ သန်းနဲ့ ပြောင်းရွှေ့မှုဟာ လက်ရှိ ဂိုးသမားတစ်ယောက်အတွက် ကမ္ဘာပေါ်မှာ အမြင့်ဆုံး ပြောင်းရွှေ့ကြေး ဖြစ်ခဲ့ပါတယ်။

De Gea ကလည်း မန်ယူ ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြောင်း ဘယ်လောက်ထိ ပေါ်လွင်နေသလဲဆိုရင် မန်ချက်စတာ မြို့ အနီးက Cheshire မြို့မှာ သူငှားနေခဲ့တဲ့ အိမ်တောင် ပိုင်ရှင်က ရောင်းထုတ်တော့မှာပါ။

တစ်ကယ်တော့ Louis van Gaal ကိုင်တွယ်နေတဲ့ မန်ယူ အသင်းရဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းထဲမှာ ရပ်တည်နေတာ သေချာနိုင်ဖို့အတွက် တစ်ယောက်တည်း အစွမ်းပြမှု အများဆုံး ဘောလုံးသမားဟာ David De Gea ဖြစ်နေတဲ့အတွက် မန်ယူ အသင်းကလည်း De Gea ရဲ့ တန်ဖိုးကို ကောင်းစွာ နားလည် နေတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment