Powered by Blogger.

ချန်ပီယံလိဂ်မှာ ကစားချင်တယ်ဆိုတဲ့ Schneiderlin ဆောက်သမ်ပတန် အသင်းကနေ ပြောင်းတော့မည်




Morgan Schneiderlin ဟာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေအတွက် စတာလင်ပေါင် ၂၄ သန်းနဲ့ သဘောတူ စာချုပ်ချုပ် နိုင်ရန် လမ်းဖွင့်ပေးခဲ့ပြီးတဲ့နောက် ဆောက်သမ်ပတန် အသင်း ကို နောက်တစ်ပတ်ထဲမှာပဲ စွန့်ခွာနိုင်ချေရှိနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဖြစ်တဲ့ တော့တင်ဟမ် ၊ အာစင်နယ် နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာလည်း ပြင်သစ် လက်ရွေးစင် အသင်း နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အလယ်တန်း ကစားသမား Schneiderlin ကို ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။

Schneiderlin ကိုယ်တိုင်ကလည်း ဆောက်သမ်ပတန်အသင်းက ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရင် အသင်းကနေ ထွက်ခွာခွင့်ပြုမယ်လို့ ပြောခဲ့ပြီးတဲ့နောက် သူ့အနေနဲ့ ချန်ပီယံ လိဂ် ပြိုင်ပွဲမှာ ၀င်ရောက် ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

"ဆွေးနွေးမှုတွေက လုပ်နေပါပြီ။ လာမယ့် ရက်ပိုင်းအတွင်း ပြီးစီးသွားမှာပါ။ ရာသီကြိုပွဲစဉ်တွေမတိုင်မီ နောက်တစ်ပတ် အတွင်းမှာ အားလုံး ပြီးစီးသွားမယ်လို့ မျှော်လင့်ပါတယ်" လို့ Schneiderlin က ဆိုထားပါတယ်။

အသက် ၂၅ နှစ်အရွယ် Schneiderlin ဟာ ဆောက်သမ်ပတန် အသင်းကို ၂၀၀၈ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီး League One နဲ့ Championship တို့အတွက် အကောင်းဆုံးကစားပေးခဲ့ပြီးတဲ့နောက် ဆောက်သမ်ပတန် အသင်းက သူ့ကို အသင်းမှာ ဆက်လက်ရှိနေစေဖို့ တစ်ပတ် လုပ်အားခ စတာလင်ပေါင် ၆၀,၀၀၀ နဲ့ ကမ်းလှမ်းခဲ့မှုကို ပယ်ဖျက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆောက်သမ်ပတန် အသင်းကလည်း Schneiderlin နေရာမှ အစားထိုးဖို့အတွက် ကစားသမားတစ်ယောက်ကို လိုက်လံရှာဖွေနေပြီး ပြင်သစ်ကလပ် မာဆေး က ကစားသမား Giannelli Imbula ကိုတော့ စတာလင်ပေါင် ၁၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းထားပါတယ်။ 

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment