Powered by Blogger.

မန်ယူမှာပဲ ဆက်လက် ကစားချင်သေးတယ်လို့ Angel Di Maria ဆို




မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အလယ်တန်းကစားသမား Angel Di Maria ကို ဘိုင်ယန်မြူးနစ် နဲ့ ဘာစီလိုနာ တို့လို ဥရောပ အသင်းကြီးတွေက ဒီနှစ်နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း Di Maria ကတော့ မန်ယူအသင်းကို သူ့အနေနဲ့ အသင်းမှာ ကစားချင်သေးတယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ မန်ချက်စတာယူနိုက်တက် အသင်းကို ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၉.၇ သန်းနဲ့ ရောက်ရှိလာတဲ့ Angel Di Maria ဟာ မန်ယူအသင်းစိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အလယ်တန်းကစားသမား Bastian Schweinsteiger ကို ခေါ်ယူရာမှာ အပေးအယူ တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း Angel Di Maria ဟာလည်း ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက  Louis van Gaal ရဲ့ ကစားကွက်တွေထဲမှာ ကြိုးစား ရုန်းကန်နေခဲ့ရပေမယ့်လည်း သူဟာ အသင်းကထွက်ခွာသွားမှာ မဟုတ်ဘူးလို့တော့ အခိုင်အမာဆိုထားပါတယ်။

"ကျွန်တော် အဲဒီလိုမျိုးမတွေးထားပါဘူး။ ကျွန်တော် ကောင်းမွန်စွာ စတင်ခဲ့ပါတယ်။ ဂိုးတွေလည်းသွင်းခဲ့တယ်။ ဂိုးတွေလည်း ဖန်တီးပေးခဲ့တယ်။ ကျွန်တော် အချိန်ကောင်း ရရှိခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့် မကစားရသလဲဆိုတာတော့ ရှင်းပြဖို့ ခက်ပါလိမ့်မယ်" လို့ Di Maria က ဆိုပါတယ်။

အမှန်တစ်ကယ်တော့ မန်ယူ အသင်းကလည်း Angel Di Maria ကို စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ ၂ သင်းလုံးကို သတိပေးထားတာကတော့ Angle Di Maria ရဲ့ အိုးထရက်ဖို့ဒ်မှာ စတင်ခဲ့တဲ့ ဘောလုံးရာသီဟာ အခက်အခဲတွေရှိနေခဲ့ပေမယ့်လည်း သူဟာ ရောင်းဖို့ မဟုတ်ဘူးဆိုတာပါပဲ။

လက်ရှိ Copa America ပြိုင်ပွဲမှာ အာဂျင်တီးနား လက်ရွေးစင် အသင်းကိုယ်စားပြု ၀င်ရောင်ယှဉ်ပြိုင်နေတဲ့ Angel Di Maria ကိုယ်တိုင်က အသင်းကထွက်ခွာလိုတယ်လို့ ပြောမှသာ မန်ယူ အသင်းက လည်း ရောင်းထုတ်ဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။ 

Angel Di Maria ကတော့ သူ့အနေနဲ့ အသင်းရဲ့ ပထမဦးစားပေး လူစာရင်းမှာ ပါဝင်ကစားရခြင်းမရှိတဲ့အပေါ်မှာ မပျော်ဘူးလို့တော့ ၀န်ခံထားပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment