Powered by Blogger.

Roberto Firmino ကို စတာလင်ပေါင် ၂၈ သန်းနဲ့ လီဗာပူး အသင်းခေါ်ယူ




လီဗာပူး အသင်းဟာ ဂျာမန် ကလပ် အသင်းတစ်သင်း ဖြစ်တဲ့ Hoffenheim အသင်းမှ အလယ်တန်း ကစားသမား Roberto Firmino ကို စတာလင်ပေါင် ၂၈ သန်း နဲ့ ခေါ်ယူပြီးစီးခဲ့ပြီဆိုတာကို အတည်ပြုထုတ်ဖော်ပြောကြားခဲ့ပြီး ကလပ် အသင်းရဲ့ သမိုင်းမှာ ဒုတိယ ဈေးအကြီးဆုံး စာချုပ်ချုပ် ခေါ်ဆိုမှု ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ ဘရာဇီးလ် နိုင်ငံသား Roberto Firmino ဟာ Copa America ပြိုင်ပွဲ မှာ ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ၀င်ရောက်ယှဉ်ပြိုင်ရင်း ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရပါတယ်။

လီဗာပူး အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Ian Ayre ဟာ ချီလီ နိုင်ငံကို သွားရောက်ခဲ့ပြီး ဘရာဇီးလ်နိုင်ငံသား Roberto Firmino နဲ့ သဘောတူ စာချုပ်ကို အပြီးသတ်လက်မှတ်ထိုးခဲ့ပြီး  Andy Carroll နောက်ပိုင်း ကလပ်ရဲ့ ဈေးအကြီးဆုံး ဘောလုံးသမား တစ်ယောက် ဖြစ်လာစေခဲ့တာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လီဗာပူး အသင်းရဲ့ တောင်ပံ ကစားသမား Raheem Sterling ကို မန်ချက်စတာစီးတီး အသင်းရဲ့ အကြိမ်ကြိမ် အခါခါ ကမ်းလှမ်းနေတဲ့အတွက် Roberto Firmino နဲ့ ကြိုတင် အစားထိုးထားတာလည်း ဖြစ်နိုင်ပါတယ်။

အမှန်တော့ Roberto Firmino ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း စိတ်ဝင်စားနေတာကြောင့် လီဗာပူး အသင်းရဲ့ တာဝန်ရှိသူတွေဟာ Roberto Firmino ရဲ့ ကလပ် အသင်းဖြစ်တဲ့ Hoffenheim ရဲ့ တာဝန်ရှိသူတွေနဲ့ သွားရောက်ဆွေးနွေးပြီး အမြန်ဆုံး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာတော့ Roberto Firmino ဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့အတူ Copa America ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။

Copa America ပြိုင်ပွဲမှာ ဗင်နီဇွဲလား အသင်းကို ဂိုးသွင်းပြီး ပါရာဂွေး အသင်းနဲ့အတူ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘရာဇီးလ် အသင်းကို တွေ့ဆုံစေခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အလယ်တန်း ကစားသမား  Roberto Firmino ဟာ လီဗာပူး အသင်းနဲ့ ၅ နှစ် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး ၀င်ငွေအားဖြင့် ၁ နှစ်ကို စတာလင်ပေါင် ၃.၅ သန်းခန့် ရရှိစေနိုင်လိမ့်မယ် လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment