Powered by Blogger.

Brendan Rodgers ကြောင့် လီဗာပူး အသင်းက ထွက်ခွာလိုတာဖြစ်တယ်လို့ Raheem Sterling ဆို




Raheem Sterling က သူ့အနေနဲ့ လီဗာပူး အသင်းက ထွက်ခွာချင်ရတဲ့အကြောင်းအရင်းဟာ အသင်းရဲ့ လက်ရှိမန်နေဂျာ Brendan Rodgers ကြောင့် ဖြစ်ပြီး အခြား မန်နေဂျာ လက်အောက်မှာ ဆိုရင်တော့ သူ့အနေနဲ့ အသင်းမှာ ဆက်လက် ရှိနေချင်တယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမား Raheem Sterling ဟာ ဗုဒ္ဓဟူးနေ့ကလည်း လီဗာပူး အသင်းအတွက် ထရိန်နင်ကို နေမကောင်းဘူးလို့ဆိုကာ ပျက်ကွက်ခဲ့ပြီး ကြာသပတေးနေ့မှာလည်း မလာနိုင်ဘူးလို့ ဆိုပြန်ပါတယ်။ သူဟာ အသင်းရဲ့ မန်နေဂျာ Brendan Rodgers နဲ့အတူ အသင်းရဲ့ ရာသီအကြို ပွဲစဉ်တွေကို လိုက်ပါ ကစားပေးမှာ မဟုတ်သလို Brendan Rodgers ရဲ့ လက်အောက်မှာလည်း ဆက်လက် ကစားချင်စိတ်မရှိတော့ဘူး လို့ ဆိုလိုက်ပါတယ်။

ဒီစကားတွေကြောင့်မို့ပဲ လီဗာပူး အသင်းရဲ့ ပရိတ်သတ်တွေက Sterling ရဲ့ အိမ်ကို ရန်ရှာဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ သူအိပ်ရာကနိုးလာတဲ့အခါမှာလည်း သူ့ကို ဆဲရေးတိုင်းထွာထားတဲ့ မက်ဆေ့ဂ်ျ အစောင် ၂၀၀၀ ကျော်နဲ့ WhatsApp မက်ဆေ့ဂ်ျ ၁၂၀၀ ကျော်တို့ကိုလည်း ဒေါသထွက်နေတဲ့ လီဗာပူး ပရိတ်သတ်တွေက ပေးပို့ခဲ့ကြပါတယ်။

ထို ဖြစ်ရပ် တွေနဲ့ ပတ်သက်ပြီးတော့ Sterling က အသင်း ရဲ့ တာဝန်ရှိသူတွေကို အပြစ်တင်လိုက်ပါတယ်။ သူပြောခဲ့တဲ့ စကားတွေအားလုံး ပေါက်ကြားသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အခြေအနေတွေက Raheem Sterling ကို အမြန်ဆုံး မန်ချက်စတာစီးတီး အသင်းကို ပြောင်းရွှေ့နိုင်စေရန် ဖိအားတွေဖြစ်လာစေခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းကလည်း Sterling ကို ၂ ကြိမ်တိုင် ကမ်းလှမ်းခဲ့ပြီးပေမယ့် သဘောတူညီမှု မရခဲ့ပါဘူး။ တတိယ အကြိမ်ကတော့ ကြန့်ကြာမှုတွေရှိနေဦးမှာပါ။ အင်္ဂလန်လက်ရွေးစင် ကစားသမား Sterling အတွက် လီဗာပူး အသင်းရဲ့ စတာလင်ပေါင် သန်း ၅၀ ထက်မနည်းတဲ့ ပြောင်းရွှေ့ကြေးကို လိုချင်နေခြင်းဟာ မန်စီးတီး အသင်းအတွက်တော့ ဒွိဟ တွေ ဖြစ်စေခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment