Powered by Blogger.

မန်ယူ အသင်းရဲ့ နှစ်စဉ် စုံညီ ဂေါ့ဖ်ပြိုင်ပွဲ ကျင်းပ




မန်ချက်စတာယူနိုက်တက် အသင်းရဲ့ မန်နေဂျာ ဟောင်းနဲ့ လက်ရှိ မန်နေဂျာတို့ဟာ အဂါင်္နေ့က ပြုလုပ်ခဲ့တဲ့ မန်ယူအသင်းရဲ့ နှစ်စဉ် စုံညီ ဂေါ့ဖ် ပြိုင်ပွဲမှာ အတူတကွ တွေ့ခဲ့ရပါတယ်။

အစဉ်အလာကြီးမားခဲ့တဲ့ အသင်းရဲ့ ဂန္တ၀င် မန်နေဂျာ ဟောင်း Sir Alex Ferguson ဟာ အသင်းရဲ့ လက်ရှိမန်နေဂျာ Louis van Gaal နဲ့အတူ အသင်းရဲ့ ကစားသမား ဟောင်း အချို့နဲ့ ဂေါ့ဖ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာကိုတွေ့ရမှာပါ။ Wayne Rooney ၊ Michael Carrick နဲ့ Jonny Evans တို့ဟာလည်း Dunham Forest ဂေါ့ဖ်ကလပ် မှာ အသင်းက မိတ်ဆွေတွေနဲ့အတူ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ ကြပါသေးတယ်။

ဝေးလ် နိုင်ငံသား လက်ရှိ အိုးထရက်ဖို့ဒ် မှာ လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက် လုပ်ကိုင်နေသူ Ryan Giggs ဟာတော့ ထို ဂေါ့ဖ် ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ ဖြစ်နေခဲ့ပေမယ့်လည်း ဒီ တစ်ကြိမ်မှာတော့ Denis Irwin က ထိပ်ဆုံးက ဦးဆောင်သွားခဲ့ပါတယ်။

၂၀၁၀ မှာစတင်ခဲ့တဲ့ ထို ပြိုင်ပွဲကနေ အလှုငွေပေါင်း စတာလင်ပေါင် ၂၀၀၀၀ ခန့်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ထို ဂေါ့ဖ်ပြိုင်ပွဲရဲ့ သမိုင်းမှာတော့ အင်္ဂလန် နိုင်ငံသား Wayne Rooney ဟာ  အောင်မြင်မှု အရခဲ့ဆုံး ပဲ ဖြစ်ပါတယ်။ သူဟာ ၂၀၁၁ မှာ တစ်ကြိမ် ၂၀၁၂ မှာ တစ်ကြိမ် မန်ယူအသင်းရဲ့ စုံညီ ဂေါ့ဖ်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။

ထို ပြိုင်ပွဲရဲ့ အလှုငွေတွေကိုတော့မန်ချက်စတာယူနိုက်တက် ပရိတ်သတ် အချို့က တစ်ယောက်ကို စတာလင်ပေါင် ၂၅၀၀ နှုန်းထားနဲ့ လှုဒါန်းခဲ့ကြတာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းကလည်း ထို အလှုငွေတွေကို မန်ချက်စတာ မြို့မှာ ရှိတဲ့ လူမှုရေးလုပ်ငန်းတွေမှာ ကူညီသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment