Powered by Blogger.

Petr Cech ဟာအာစင်နယ်အသင်း ချန်ပီယံ ဖြစ်လာဖို့ အထောက်အကူဖြစ်စေတယ်လို့ Lampard ယုံကြည်




ချဲလ်ဆီး အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ အလယ်တန်းကစားသမားဟောင်း Frank Lampard က အာစင်နယ် အသင်းအနေနဲ့ Petr Cech ကို ခေါ်ယူလိုက်ခြင်း ဟာ နောက်နှစ်ဘောလုံးရာသီမှာ အာစင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာဖို့ အထောက်အကူဖြစ်စေတယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိ မေဂျာလိဂ်က New York City FC အသင်းမှာ အလယ်တန်းကစားသမား တစ်ယောက်အဖြစ် ရောက်ရှိနေတဲ့ Lampard ဟာ ချဲလ်ဆီး အသင်းမှာ ရှိနေစဉ်က ချက်နိုင်ငံ သား လက်ရွေးစင် ဂိုးသမား Petr Cech နဲ့ ကစားဖော် ကစားဖက် တွေဖြစ်ခဲ့ကြပြီး ပရီးမီးယားလိဂ် ဖလား ၃ လုံး ကို အတူတူ ကိုင်မြှောက်နိုင်ခဲ့ဖူးပါတယ်။

အာစင်နယ် အသင်းရဲ့ အသစ်တစ်ဖန် ကစားသမား တွေ ခေါ်ယူစုဆောင်းနေမှုဟာ လန်ဒန်မြောက်ပိုင်းမှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပြီး ဂန်းနား တွေ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာနိုင်လိမ့်မယ်လို့ Lampard က ယုံကြည်နေပါတယ်။

အမှန်တစ်ကယ်တော့ Petr Cech ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချဲလ်ဆီး အသင်းမှာ ဒုတိယ ဦးစားပေးအဆင့်မှာသာ ရှိခဲ့ပြီး ဘယ်လ်ဂျီယံ ဂိုးသမား Thibaut Courtois ရဲ့ အနောက်မှာသာ ရပ်တည်နေခဲ့ရပြီး အခု ပတ်ဝန်းကျင်အသစ်မှာတော့ Petr Cech အနေနဲ့ ပြန်လည် လက်စွမ်းပြနိုင်လိမ့်မယ်လို့လည်း Lampard က ဆိုပါတယ်။

Lampard ဟာ NYCFC အသင်းရဲ့ ကစားသမားတစ်ယောက်အဖြစ် ဒီတစ်ပတ်ထဲမှာပဲ တရားဝင် မိတ်ဆက်ခဲ့ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ Toronto FC အသင်းနဲ့ပွဲဦးထွက် ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment