Powered by Blogger.

David De Gea ကိုတားဆီးဖို့ မန်ယူ မှာ အင်အား မရှိတော့




မန်ချက်စတာယူနိုက်တက် အသင်းဟာ ရီးရဲမက်ဒရစ် အသင်းကို ပြောင်းရွှေ့တော့မယ့် ဂိုးသမား David De Gea ကို တားဆီးဖို့အတွက် အင်အားမရှိတော့ဘူးလို့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ၀န်ထမ်းတစ်ဦးက ဆိုပါတယ်။

စပိန်နိုင်ငံ လက်ရွေးစင် ဂိုးသမား David De Gea ဟာ ရီးရဲမက်ဒရစ်ကို ပြောင်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်သလို လက်ရှိလည်း မက်ဒရစ်မြို့မှာ ပဲ မိသားစု နဲ့ အတူ ပြန်လည်နေထိုင်နေတာ ဖြစ်ပါတယ်။

မန်ယူ အသင်းအနေနဲ့လည်း David De Gea အတွက် ရီးရဲမက်ဒရစ် အသင်းထံမှ တရားဝင် ကမ်းလှမ်းမှု မျိုး မရရှိသေးပါဘူး။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်း မျှော်လင့်ထားတဲ့ စတာလင်ပေါင် ၃၅ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးမျိုးတော့ ရီးရဲမက်ဒရစ် ဘက်က ကမ်းလှမ်းသွားဖွယ်မရှိပါဘူး။

ဘာပဲဖြစ်ဖြစ် De Gea က ပြောင်းကို ပြောင်းမှာ ဖြစ်တဲ့အတွက် မန်ယူ အသင်းအနေနဲ့ ရီးရဲမက်ဒရစ်ဘက်က ကမ်းလှမ်းလာမယ့် ပြောင်းရွှေ့ကြေးကိုငြင်းဆန်လို့ မရနိုင်ဘူးလို့ မန်ယူအသင်းရဲ့ အရေးပါတဲ့ ၀န်ထမ်းတစ်ဦးက ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ထို အပြောင်းအရွှေ့သဘောတူညီမှု ဟာ အပြောင်းအရွှေ့ကာလ မစတင်ခင်ကတည်းက ပြေလည်မှု မရရှိသေးခဲ့ရာကနေ အပြောင်းအရွှေ့ ကာလ ပြီးဆုံးမှသာ ပြေလည် နိုင်ဖွယ်ရှိနေပါတယ်။ မန်ယူ အသင်းအတွက်ကတော့ ရီးရဲမက်ဒရစ် အသင်းရဲ့နောက်တန်း ကစားသမား Sergio Ramos ကိုပါ De Gea ရဲ့ အပြောင်းအရွှေ့မှာ ထည့်သွင်း လဲလှယ်ချင်နေပါတယ်။

အမှန်တစ်ကယ်တော့ ဒီနှစ်နွေရာသီမှာ မန်ယူအသင်းအနေနဲ့ ဆုံးရှုံးရမယ့် ဂိုးသမားက De Gea တစ်ယောက်တည်းမဟုတ်ပါဘူး။ ဘာစီလိုနာ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ Samuel Eto'o နဲ့ Ronaldinho တို့ကို ခေါ်ယူထားပြီးဖြစ်တဲ့ တူရကီ ကလပ် Antalyspor ကလည်း မန်ယူအသင်း ရဲ့ ဂိုးသမားနောက်တစ်ယောက်ဖြစ်တဲ့ Victor Valdes ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment