Powered by Blogger.

မန်ယူကို စတာလင်ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ Schneiderlin




Morgan Schneiderlin ဟာ ဆောက်သမ်ပတန် အသင်းကနေ မန်ချက်စတာယူနိုက်တက် အသင်းကို စတာလင်ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့ဖို့အတွက် မနေ့ကပဲ အိုးထရက်ဖို့ဒ်မှာ ဆေးစစ်မှု အောင်မြင်ပြီးစီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

အလယ်တန်း ကစားသမား Schneiderlin ဟာ ဆေးစစ်မှု က တဆင့် မန်ယူအသင်းရဲ့ AON လေ့ကျင့်ရေးဌာနကို ရောက်ရှိလာပြီးနောက်မှာ မန်ယူအသင်းနဲ့ ၄ နှစ် သဘောတူစာချုပ် အပါအ၀င် နောက်ထပ် အပို ၁၂ လ ရွေးချယ်ခွင့် ကိုပါ ထည့်သွင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အခုနောက်ဆုံး ခေါ်ယူလိုက်တဲ့ Schneiderlin အပါအ၀င် မန်ယူ ဟာ ဒီနှစ်နွေရာသီမှာ စတာလင်ပေါင် သန်း ၈၀ အထိ သုံစွဲပြီး သွားပါပြီ။ Memphis Depay ၊ Marreo Darmian နဲ့ Bastian Schweinsteiger တို့ကို ခေါ်ယူပြီး ဖြစ်သလို နောက်ထပ် ကစားသမား တွေလည်း ထပ်မံ ခေါ်ယူသွားဖွယ်ရှိနေပါသေးတယ်။

မန်ယူ အသင်းရဲ့ မန်နေဂျာ Louis van Gaal ကလည်း သူ့အသင်းရဲ့ ကစားကွက်သစ်ကို အမေရိက ခြေစမ်းပွဲစဉ် တွေမှာ ၂ ပတ်ခွဲခန့်သွားရောက်စမ်းသပ်နိုင်ဖို့အတွက် Schneiderlin ကို အမှီခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်ပတန် အသင်းကလည်း Schneiderlin နေရာမှ အစား ထိုးဖို့ ဖီယင်နု အသင်းမှ ကစားသမား Jordy Clasie ကို ပြန်လည် ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

မန်ယူ ရဲ့ ငွေကြေး သုံးစွဲမှုကို ရပ်လိုက်လို့တော့မရသေးပါဘူး။ Van Persie က တူရကီ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့တော့မှာ့ ဖစ်တဲ့အတွက် သူ့နေရာမှာ အစားထိုးနိုင်ဖို့ တိုက်စစ်မှုးတစ်ယောက်ကို ခေါ်ယူနိုင်ဖို့ Louis van Gaal က စီစဉ်နေပါသေးတယ်။

တော့တင်ဟမ် တိုက်စစ်မှုး Harry Kane ၊ ပီအက်စ်ဂျီ တိုက်စစ်မှုး Karim Benzema ၊ အက်စတွန်ဗီလာ တိုက်စစ်မှုး Christian Benteke တို့ကိုလည်း Van Gaal က မျက်စိကျနေပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments :