Powered by Blogger.

Sergio Ramos ကို ရမှ David De Gea ကို ရီးရဲ သို့ ပြောင်းခွင့်ပေးမယ့် မန်ယူ




မန်ချက်စတာယူနိုက်တက် အသင်းက ရီးရဲ မက်ဒရစ်နောက်တန်း ကစားသမား Sergio Ramos ကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး Sergio Ramos ကို ရီးရဲမက်ဒရစ် အသင်းက ပြောင်းရွှေ့ခွင့်မပေးခဲ့ရင် မန်ယူဂိုးသမား David De Gea ကိုလည်း ရီးရဲ မက်ဒရစ် သို့ ပြောင်းရွှေ့လို့မရနိုင်ရန် ဖျက် သွားမယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဒီတစ်ပတ်ထဲမှာ ရီးရဲမက်ဒရစ် တာဝန်ရှိသူတွေနဲ့ စကားပြောသွားဖို့ စီစဉ်နေပြီး ရီးရဲမက်ဒရစ် အသင်းကိုလည်း Ramos သာ သဘောတူညီမှု ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မလာပါက ဂိုးသမား De Gea နဲ့ စာချုပ်ချုပ်ဖို့ ကိစ္စ ကိုမေ့လိုက်ဖို့ သတိပေးထားပါတယ်။

မန်ယူ ဂိုးသမား David De Gea ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးပြီး ဒီနှစ်နွေ ရာသီ မှာ ရီးရဲမက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသလို ရီးရဲမက်ဒရစ် အသင်းကလည်း De Gea အတွက် စတာလင်ပေါင် ၂၅ သန်းထိ ပေးပြီး ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

မန်ယူ ကလည်း ရီးရဲ မက်ဒရစ် အသင်းနဲ့ ၂ နှစ် စာချုပ် သက်တမ်း ကျန်ရှိနေသေးတဲ့ နောက်တန်း ကစားသမား Sergio Ramos ကို ငွေကြေး အမြောက် အမြား နဲ့ ပြန်လည် ကမ်းလှမ်းမှာ ဖြစ်ပေမယ့်လည်း ရီးရဲမက်ဒရစ် အသင်းကတော့ အသက် ၂၉ နှစ်အရွယ် Sergio Ramos အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ အထိ လိုချင်နေပါတယ်။

ဒါပေမယ့်လည်း မန်ယူ ကတော့ စပိန်နိုင်ငံသား Ramos ကို စတာလင်ပေါင် သန်း ၃၀ သာ ပေးနိုင်မယ်ဆိုတဲ့အကြောင်းကို မန်ယူအသင်းရဲ့ အမှုဆောင် ဒု-ဥက္ကဋ္ဌ Ed Woodward နဲ့ ရီးရဲမက်ဒရစ် ဥက္ကဋ္ဌ Florentino Perez နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပြောဆိုသွားဖို့ စီစဉ်ထားပါတယ်။

မန်ယူ မန်နေဂျာ Louis van Gaal ကလည်း ဒီနှစ်နွေရာသီမှာ အသင်းရဲ့ နောက်တန်းကို အားဖြည့်ဖို့ ကြိုးစားနေပြီး ဗဟိုနောက်ခံလူ လည်းဖြစ်သလို စပိန်လက်ရွေးစင်အသင်းမှာ ၁၈ နှစ်သား ကတည်းက စတင်ပါဝင်ခဲ့ကာ လက်ရှိမှာ လက်ရွေးစင်အသင်းအတွက် ၁၂၈ ပွဲတိတိ ကစားပေးထားသူ Ramos ကတော့ van Gaal ရှာဖွေနေတဲ့ ကစားသမားပဲ ဖြစ်မှာပါ။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment