Powered by Blogger.

အီဂျစ်နိုင်ငံက သူရဲကောင်း ဘောလုံးသမား




အနိုင်အရှုံး အဖြေမပေါ်သေးတဲ့ ဘောလုံးပွဲ တစ်ပွဲမှာ ပွဲပြီးခါနီး မိနစ်တွေဟာ အရမ်းကို အရေးကြီးပါတယ်။ အဲဒီလို နောက်ဆုံး မိနစ် နဲ့ နာကျင်အချိန်ပို တွေမှာ အသည်းခွဲ ဂိုး ကို သွင်းယူဖို့ ၂ သင်းလုံးက ကြိုးပမ်းနေလေ့ရှိခဲ့တာပါ။

ဒါပေမယ့် ပွဲပြီးခါနီး မိနစ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတဲ့ တစ်ဖက်အသင်းက ကစားသမားကို ပြိုင်ဘက် အသင်းက ကစားသမား တစ်ယောက်က အလျင်အမြန် ပွေ့ချီပြီး ဆေးကုသမှု ခံစေကာ ပွဲကို ဆက်လက် ကစားစေခဲ့တာ မျိုးကတော့ ခပ်ရှားရှားပါ။

အခုတော့ အဲဒီလို စိတ်ဓါတ်ရှိတဲ့ သူရဲကောင်း ဘောလုံးသမား တစ်ယောက် ထွက်ပေါ်လာပါပြီ။ သူကတော့ အီဂျစ် ဘောလုံးပြိုင်ပွဲ က Al Ahly  ဆိုတဲ့ အသင်းက ကစားသမား Saad Samir ပဲ ဖြစ်ပါတယ်။

အီဂျစ် ကလပ် အသင်းတွေရဲ့ ဘောလုံးပြိုင်ပွဲ ဆုဖလား ကို Al Ahly က ရရှိဖို့ သေချာသလောက် ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ El Gounah ဆိုတဲ့ အသင်းနဲ့ နောက်ဆုံး ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်မှာတော့ Al Ahly အသင်းဟာ သရေ ကျရုံနဲ့တင် ဖလားရရှိနိုင်မှာဖြစ်ပါတယ်။

ပွဲရဲ့ ရလဒ်ကတော့ ၁ဂိုး - ၁ဂိုး သရေဖြစ်နေပြီး ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာ El Gounah အသင်းမှ ကစားသမား တစ်ယောက် ဒဏ်ရာ ရရှိသွားတဲ့အတွက် Al Ahly အသင်းမှ ကစားသမား Saad Samir ဟာ ထို ကစားသမားကို ပွေ့ချီခဲ့ပြီး ကွင်းဘေးကို အလျင်အမြန် ခေါ်ဆောင်သွားခဲ့ပါတယ်။

အမှန်တော့ Saad Samir ရဲ့ အသင်းဟာ သရေ ရလဒ်ကို အချိန်ဆွဲထားလိုက်နိုင်ရင် ဖလားရနေပါလျက်နဲ့ တစ်ဖက် အသင်းအတွက် ကြိုးစားဖို့ အချိန်နည်းသွားမှာကို စိုးရိမ်ပြီး ဒဏ်ရာရ ကစားသမားကို ပွေ့ချီပြီး ကွင်းဘေးကို ပို့ဆောင်ကာ ပွဲကို ဆက်လက် ယှဉ်ပြိုင်စေခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ် တွေနဲ့ မီဒီယာ အများစုကတော့ Saad Samir ကို ဘောလုံးသမား သူရဲကောင်း တစ်ယောက် အဖြစ်သတ်မှတ်လိုက်ကြပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment