Powered by Blogger.

David De Gea ကို ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးတဲ့ အသင်းဖော် Juan Mata




မန်ယူ ဂိုးသမား David De Gea ဟာ ရီးရဲမက်ဒရစ်ကိုပြောင်းဖို့သေချာနေပြီဆိုတာကို အသင်းဖော် တစ်ယောက်ဖြစ်တဲ့ Juan Mata က သူ့ရဲ့ သူငယ်ချင်း De Gea ကို ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ သဲလွန်စပေးခဲ့ပါတယ်။

David De Gea ဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ စာချုပ် အသစ်ချုပ်ဖို့ ငြင်းပယ်ခဲ့ပြီးတဲ့နောက် ဘာနေဗျူးကွင်း ကိုပြောင်းရွှေ့ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂိုးသမား De Gea ဟာ မန်ယူနဲ့ နောက်နှစ်နွေရာသီ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အကယ်၍ ဒီနှစ်နွေ ရာသီ မှာသာ သူ့အနေနဲ့ မန်ယူကနေ မပြောင်းရွှေ့ဖြစ်ခဲ့ပဲ စာချုပ်သက်တမ်းလည်း ထပ်မံ မချုပ်ဆိုတော့ ဘူးဆိုရင်တော့ ၁၂ လ ခန့် အကြာမှာ သူဟာ ပြောင်းရွှေ့ကြေးအလွတ် နဲ့ မန်ယူကနေ ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။

မန်ယူ အသင်းရဲ့ မန်နေဂျာ Louis van Gaal ဟာ မနှစ်ကတော့ သူ့အသင်းရဲ့ ဂိုးသမားဟာ မန်ယူမှာ ဆက်လက်ရှိနေနိုင်ဖို့အတွက် ငွေကြေးအမြောက်အများကို တောင်းဆိုနေတယ်လို့ ဆိုထားပါသေးတယ်။

အမှန်တော့ David De Gea ဟာ သူ့အနေနဲ့ ရီးရဲမက်ဒရစ် အသင်းကို ပြောင်းရွှေ့ချင်နေတယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ အသင်းဖော်တွေကို ပြောပြထားပြီးဖြစ်ပေမယ့် Juan Mata ကတော့ ဒါကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။ သူ့အနေနဲ့ အသင်းဖော် သူငယ်ချင်း De Gea ကို ပျော်ရွှင်စေချင်တယ်ဆိုတာပဲ ပြောပြခဲ့ပါတယ်။

ဒါ့အပြင် Mata ဟာ ရီးရဲမက်ဒရစ် အသင်းရဲ့ မန်နေဂျာ အသစ် Rafael Benitez ကို ချီးကျူးစကားဆိုထားသလိုပဲ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ မန်နေဂျာ ဟောင်း David Moyes ကိုလည်း သူ့ကို လက်မှတ်ထိုး ခေါ်ယူခဲ့တဲ့ အတွက် ကျေးဇူးတင်တယ်လို့ ဆိုထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment