Powered by Blogger.

တော့တင်ဟမ်မှာပဲ ပျော်တယ်လို့ Harry Kane ဆို




လက်ရှိတော့တင်ဟမ် အသင်းရဲ့ တိုက်စစ်မှုး Harry Kane ဟာ နွေရာသီ အပြောင်းအရွှေ့တစ်ခုအဖြစ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားမှုကို ၀မ်းသာမိတယ်လို့ ကြေညာခဲ့ပေမယ့် သူဟာ ၀ှိုက်ဟာ့ဒ်လိန်း ကွင်းကြီးမှာပဲ ပျော်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက် ၂၁ နှစ်ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှုး Harry Kane ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အသင်းအတွက် ၃၁ ဂိုးတိတိ သွင်းယူပေးနိုင်ခဲ့ပြီး သူ့အနေနဲ့ လန်ဒန်မြောက်ပိုင်းကလပ်အသင်းဖြစ်တဲ့ တော့တင်ဟမ် အသင်းမှာပဲ ပျော်တယ်လို့ ပြောခဲ့တဲ့အပြင် တော့တင်ဟမ် အသင်းဟာ အင်္ဂလန်နိုင်ငံရဲ့ အသင်းကြီး တစ်သင်းဖြစ်တယ်လို့လည်း သူက တင်စားပြောပြခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Harry Kane ဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီမှာ ခြေစွမ်းပြနိုင်မှုတွေကြောင့် ဒီနွေရာသီမှာ မန်ယူ မန်နေဂျာ Louis van Gaal ရဲ့ စတာလင်ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ စိတ်ဝင်စားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိ European Championship ကိုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အင်္ဂလန် ယူ-၂၁ အသင်း မှာလည်း တိုက်စစ်မှုးတစ်ယောက် အဖြစ်ပါဝင် ယှဉ်ပြိုင်နေတဲ့ Harry Kane ဟာ ပွဲအပြီးမှာ ပြောကြားခဲ့တာကတော့ သူ့ရဲ့ အနာဂါတ်ကို တော့တင်ဟမ် အသင်းမှာပဲ ပိုမြင်မိပါတယ်လို့ ဆိုပါတယ်။

Kane ဟာ ပေါ်တူဂီ အသင်းကို ၁ဂိုး-ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း အင်္ဂလန် အသင်းဘက်က ပါဝင်ခဲ့ပါတယ်။

မန်ယူ အသင်းရဲ့ စိတ်ဝင်စားခြင်းခံနေရတာကတော့ Harry Kane တစ်ယောက်တည်းမဟုတ်ပဲ တော့တင်ဟမ် ဂိုးသမား Hugo Lloris လည်း ပါဝင်နေပြီး Van Gaal အနေနဲ့လည်း ထိုကစားသမား ၂ ယောက်လုံး အိုးထရက်ဖို့ဒ်ကွင်းကို ရောက်လာနိုင်ဖို့ ငွေကြေး အလုံအလောက် ရှိနေတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment