Powered by Blogger.

Peter Cech အာစင်နယ်ကို စတာလင်ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့မည်




ချဲလ်ဆီး အသင်းရဲ့ ဂိုးသမား Peter Cech ဟာ အာစင်နယ်အသင်းကို စတာလင်ပေါင် ၁၀ သန်း နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိ ခဲ့ပါပြီ။

အာစင်နယ် မန်နေဂျာ အာစင်ဝင်းဂါး ကလည်း ထို သဘောတူညီမှုကို အပြီးသတ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပြောင်းရွှေ့လာနိုင်မယ်ဆိုတာကို ယုံကြည်နေပါတယ်။

ချဲလ်ဆီး အသင်းရဲ့ ဂန္တ၀င် ဂိုးသမား အသက် ၃၃ နှစ်အရွယ် Peter Cech ဟာ လည်း လန်ဒန်တစ်မြို့တည်းမှာရှိတဲ့ အာစင်နယ် အသင်းကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိနေတဲ့အတွက် Mourinho တစ်ယောက် သူ့ရဲ့ ကစားသမားဟောင်းကို မြို့ခံ ပရီးမီးယားလိဂ် အသင်းတစ်သင်းမှာ လက်စွမ်းပြနေတာကို တွေ့ရဦးမှာပါ။

ဒါ့အပြင် Peter Cech ဟာ အာစင်နယ် အသင်းသို့ ပြောင်းရွှေ့ပြီးတဲ့အခါမှာ ကျော နံပါတ် ၁ ၊ တစ်နည်းအားဖြင့် အသင်းရဲ့ ပထမဦးစားပေး လူစာရင်းမှာ ပါဝင်ကစားခွင့်ရမယ်လို့ ယုံကြည်နေပါတယ်။

တစ်ဖက်မှာလည်း အာစင်နယ် ရဲ့ လက်ရှိဂိုးသမား ဖြစ်တဲ့ David Ospina ကိုတော့ အသင်းကနေ ထွက်ခွာခွင့်ပြုလိုက် ပြီဖြစ်ပါတယ်။ ကိုလံဘီယာ နိုင်ငံသား ဂိုးသမား Ospina ဟာလည်း တူရကီ အသင်းတစ်သင်းဖြစ်တဲ့ ဖီနာဘာချီ အသင်းကို စတာလင်ပေါင် ၄ သန်း နဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment