Powered by Blogger.

ဘာကာ နောက်ခံလူ Martin Montoya ကို ခေါ်ယူဖို့ အာစင်နယ် စိတ်ဝင်စားနေ




အာစင်နယ် အသင်းဟာ ဘာစီလိုနာ အသင်းရဲ့ နောက်ခံလူ Martin Montoya ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၄ နှစ်ရှိနေပြီဖြစ်တဲ့ ညာနောက်ခံ ကစားသမား Montoya ဟာ ပထမဦးစားပေး လူစာရင်းမှာ ကစားခွင့်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးလိုက်ရတဲ့နောက် နျူးကမ့် ကွင်း ကို စွန့်ခွာဖို့ ပြင်ဆင်နေပါတယ်။

စပိန်နိုင်ငံသား Montoya ရဲ့ ကိုယ်စားလှယ်ကလည်း ပရီးမီးယားလိဂ် အသင်းတစ်ချို့က Montoya ကို စိတ်ဝင်စားနေတယ်ဆိုတာ အတည်ပြုပေးခဲ့ပြီး Montoya ကိုယ်တိုင်ကလည်း အာစင်နယ် အသင်းက အခြေအနေတွေ စောင့်ကြည့်နေတယ်ဆိုတာကို ၀န်ခံထားပါတယ်။

"ကျွန်တော်ပြောနိုင်တာကတော့ Martin Montoya ကို အင်္ဂလန် ကလပ် အချို့ က အရမ်းစိတ်ဝင်စားနေတယ်ဆိုတာပါပဲ။ ဒါပေမယ့် အီတလီ နဲ့ ဂျာမနီ မှာရှိတဲ့ ကလပ်တစ်ချို့ကလည်း Montoya ကို စိတ်ဝင်စားနေပါသေးတယ်" လို့ Montoya ရဲ့ ကိုယ်စားလှယ်ဖြစ်သူ Juan de Dio Carrasco က ဆိုပါတယ်။

Montoya ကို စိတ်ဝင်စားနေတဲ့ ကလပ် အသင်းတွေရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသလို Montoya ရဲ့ အနာဂတ် အတွက် အကောင်းဆုံး ဖြစ်မယ့် အသင်း ကို ပြောင်းဖို့ စဉ်းစားသွားမှာ ဖြစ်တယ်လို့ Carrasco က ရှင်းပြခဲ့ပါတယ်။ 

၂၀၀၈ ခုနှစ်ကတည်းက ဘာစီလိုနာ B အသင်းမှာ စတင်ကစားခဲ့တဲ့ Montoya ဟာ ၂၀၁၀ ခုနှစ်မှာ ဘာစီလိုနာ အသင်းအတွက် စတင် ကစားခွင့်ရခဲ့ကာ ပွဲပေါင်း ၆၇ ပွဲ ကစားပေးခဲ့ပြီး ၂ ဂိုး သွင်းယူပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment