Powered by Blogger.

Raheem Sterling အတွက် မန်စီးတီး အသင်းက ပေါင် သန်း ၄၀ နဲ့ကမ်းလှမ်းမှုကို လီဗာပူး ပယ်ချ




လီဗာပူး အသင်းဟာ အသင်းရဲ့ လူငယ်ကစားသမား Raheem Sterling ကို ခေါ်ယူဖို့ မန်စီးတီး အသင်းရဲ့ ကမ်းလှမ်းမှု ကို ပယ်ချခဲ့ပါတယ်။

အန်ဖီးလ်ကွင်း ရဲ့ ပိုင်ရှင် ဖြစ်တဲ့ John Henry ၊ Tom Werner နဲ့ Mike Gordon တို့ဟာ ထို ကမ်းလှမ်းမှုအတွက် ရှောင်တခင် တွေ့ဆုံနေကြပြီး အဖြေကတော့ မကြာခင်မှာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

မာဆေးဆိုက် ရဲ့ အတွင်းလူတွေထံမှ သိရတာကတော့ မန်စီးတီး အသင်းဟာ Raheem Sterling ကို ခေါ်ယူနိုင်ဖို့ စတာလင်ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး လီဗာပူးကတော့ အသင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို ပြုပြင်နေပြီး Raheem Sterling ကို ရောင်း၇န် အစီအစဉ် မရှိဘူးလို့ ဆိုကာ ငြင်းပယ်ခဲ့တာ ပဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သတင်းဌာန တစ်ချို့ က ဖော်ပြခဲ့တာကတော့ လီဗာပူး အသင်းရဲ့ ပိုင်ရှင် အမေရိကန် နိုင်ငံသားတွေဟာ Raheem Sterling ကို စတာလင်ပေါင် သန်း ၅၀ ကျော် မရရင် ရောင်းထုတ်မှာ မဟုတ်ဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လီဗာပူး အသင်းရဲ့ တွေးခေါ်ပုံ တွေကတော့ ရိုးရှင်းပါတယ်။ သူတို့ဟာ Luis Suarez ကို ဘာစီလိုနာ အသင်းကို ရောင်းထုတ်လိုက်စဉ်က အသင်း ဟာ တော်တော် လေး အထိနာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ထို တိုက်စစ်မှုး တစ်ယောက်အတွက် ထိုက်တန်တဲ့ ဈေးနှုန်းကိုတော့ ရလိုက်ပါတယ်။ ဒါကြောင့် အသင်းတာဝန်ရှိသူတွေက အင်္ဂလန် နိုင်ငံသား Sterling ဟာ အနာဂတ် မှာ ပိုပြီးတန်ဖိုးရှိလာမယ်ဆိုတာကို တွေးမိခဲ့ကြပါတယ်။

Raheem Sterling ဟာ လီဗာပူး အသင်းနဲ့ ၂ နှစ်ခန့် သဘောတူစာချုပ် သက်တမ်း ကျန်ရှိနေပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments :