Powered by Blogger.

ဘွန်ဒက်လီဂါ ကစားသမား Roberto Firmino ကို လီဗာပူး အသင်း အလွန်စိတ်ဝင်စားနေ




လီဗာပူး အသင်းဟာ ဘွန်ဒက်လီဂါ အသင်းတစ်သင်းဖြစ်တဲ့ Hoffenheim အသင်းမှ အလယ်တန်း ကစားသမား Roberto Firmino ကို အလွန်စိတ်ဝင်စားကြောင်း ပြသနေတယ်လို့ ဘရာဇီးလ် သတင်းဌာန တစ်ခုက ဖော်ပြလိုက်ပါတယ်။

အသက် ၂၃ နှစ်သာ ရှိသေးတဲ့ Firmino ဟာ မန်ချက်စတာယူနိုက်တက် နဲ့ မန်ချက်စတာစီးတီး တို့လို အသင်းကြီးတွေရဲ့ မျက်စိကျမှုတွေကိုလည်း ခံနေရပြီး ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ဖို့လည်း သတင်းတွေထွက်နေပါတယ်။

ဒါပေမယ့်လည်း အဲဒီ အသင်းကြီးတွေထဲမှာမှ လီဗာပူးဟာ ရှေ့ဆုံးနေရာက တန်းစီနေပြီး ဘရာဇီးလ် လက်ရွေးစင် ဘောလုံးသမား Firmino ကို အန်ဖီးလ်ကွင်းကို ခေါ်ဆောင်လာဖို့ စီစဉ်နေကြပါတယ်။

Firmino ဟာ ဘွန်ဒက်လီဂါ အသင်းတစ်သင်းဖြစ်တဲ့ Hoffenheim မှာ ၅ နှစ်ခန့် အချိန် ကုန်ဆုံးစေခဲ့ပြီး ၁၅၃ ပွဲကစားကာ ၄၉ ဂိုး တိတိ သွင်းယူထားပြီး ဖြစ်ပါတယ်။ သူနဲ့ Hoffenheim အသင်းရဲ့ သဘောတူစာချုပ်ကတော့ ၂၀၁၇ မှာ သက်တမ်း ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Roger Wittman ကတော့ Firmino ဟာ ပရီးမီးယားလိဂ် အသင်းတစ်သင်းကို ပြောင်းရွှေ့မယ်ဆိုတာကို အတည်ပြုပေးခဲ့ပြီး ဘယ်အသင်းကိုပြောင်းမယ်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

လက်ရှိမှာ Firmino ဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့အတူ Copa America ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment