Powered by Blogger.

Pert Cech ကို ပေါင် ၁၁ သန်းနဲ့ အာစင်နယ် ခေါ်ယူပြီးစီး




အာစင်နယ် အသင်းဟာ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းမှ ဂိုးသမား Petr Cech ကို စတာလင်ပေါင် ၁၁ သန်းနဲ့ စာချုပ်ချုပ်ခေါ်ယူပြီးစီးခဲ့ပြီဖြစ်ပါတယ်။

အခုလိုပြောင်းပြီးပြီးချင်းပဲ Petr Cech ဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြန်မစခင်မှာ အာစင်နယ် အသင်းရဲ့ ဂိုးသမားတစ်ယောက်အဖြစ် လန်ဒန်မြို့ခံပြိုင်ဘက်ဖြစ်တဲ့ ချဲလ်ဆီး အသင်းနဲ့ Community ဒိုင်း အတွက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

Petr Cech ရဲ့ သဘောတူညီမှု ၀င်ငွေ ဟာ တစ်ပတ်ကို စတာလင်ပေါင် ၁၀၀,၀၀၀ ဖြစ်ပြီး အာစင်နယ် အသင်းရဲ့ ရာဇ၀င်မှာ ရော လက်ရှိ ပရီးမီးယားလိဂ်မှာပါ ၀င်ငွေအကောင်းဆုံး ဂိုးသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ 

အာစင်နယ် အသင်းအတွက်လည်း Petr Cech ဟာ ပီအက်စ်ဂျီ အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ကျော်လွန်ပြီး ဒီနှစ် နွေရာသီမှာ ပထမဆုံး အသင်းအတွက် စာချုပ်ချုပ်နိုင်သူတစ်ယောက် ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာတော့ ချဲလ်ဆီးအသင်းမှာရှိတဲ့ Petr Cech ရဲ့ ပထမဦးစားပေး လူစာရင်း ဂိုးသမား နေရာ ဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို အငှားချထားတဲ့ ဂိုးသမား Thibaut Courtois ပြန်ရောက်လာကာ သူ့ လက်ထဲကျရောက်သွားတဲ့နောက်မှာတော့ Petr Cech အနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျ ကို စွန့်ခွာဖို့ ဖြစ်လာခဲ့ပါတော့တယ်။

Petr Cech အနေနဲ့ ပီအက်စ်ဂျီ အပါအ၀င် အခြား ဥရောပ အသင်းတွေကို ငြင်းပယ်ခဲ့ရတဲ့အကြောင်းအရင်းကတော့ သူ့မိသားစု ဟာ လန်ဒန် မှာ အခြေကျနေတဲ့အတွက်ပါ။ ဒါကြောင့် သူဟာ ချဲလ်ဆီး အသင်းနဲ့ လန်ဒန်မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အာစင်နယ်ကို သာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment