Powered by Blogger.

လီဗာပူးအသင်း ထိပ်ဆုံး ပြန်ရောက်ဖို့ တိုက်စစ်မှုးတစ်ယောက်လိုအပ်တယ် လို့ Steven Gerard ဆို




လီဗာပူးအသင်းအနေနဲ့ ထိပ်ဆုံးကို ပြန်ရောက်နိုင်ဖို့အတွက် ကမ္ဘာ့အဆင့်မီတဲ့ တိုက်စစ်မှုးတစ်ယောက် လောက် ကို ရင်းနှီးမြှပ်နှံ ဖို့လိုအပ်လိမ့်မယ်လို့ အသင်းကနေထွက်ခွာတော့မယ့် Steven Gerrard က ဆိုပါတယ်။

Steven Gerard ဟာ အန်ဖီးလ်ကွင်းကို ၁၇ နှစ်ကြာ လက်တွဲ ကစားခဲ့အပြီးမှာ နှုတ်ဆက်ထွက်ခွာတော့မှာပါ။ ပြောင်းရွှေ့မယ့်အသင်းလည်း အတည်တကျမရှိသေးတဲ့ Gerard ဟာ လီဗာပူးအသင်း အနေနဲ့ မန်နေဂျာ Bredan Rodgers ရဲ့ လက်ထဲမှာ ရှိနေတာဟာ ကောင်းတယ်လို့လည်း ဆိုပါသေးတယ်။

ဒါပေမယ့်လည်း သူချစ်တဲ့ လီဗာပူး အသင်း မှာ နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းဟာ ဆုဖလားတွေ နဲ့ ဝေးနေခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံလိဂ် ၀င်ခွင့်မရခဲ့ပဲ အဆင့် ၅ နေရာမှာသာ ရပ်တည်နေခဲ့ ရပါတယ်။

"ထိပ်ဆုံး ၄ သင်းထဲ ပြန်ရောက်ဖို့အတွက် ဘောလုံးရာသီ ၁ ခုမှာ ၂၅ဂိုး ကနေ ဂိုး ၃၀ အထိ သွင်းပေးနိုင် မယ့် တိုက်စစ်မှုးတစ်ယောက်လိုပါလိမ့်မယ်။ ဒါဟာ ဒီနှစ်ဘောလုံးရာသီအတွက် အသင်းရဲ့ အားနည်းချက်ပါ" လို့ Steven Gerard ကဆိုပါတယ်။

Gerard ရဲ့ ထင်မြင်ချက်နဲ့ ပတ်သက်ပြီး သူနဲ့ ကြာရှည် တွဲဖက် ကစားခဲ့တဲ့ အသင်းဖော် Jamie Darragher ကတော့ Gerard ရဲ့ ထင်မြင်ချက်ဟာ ရိုးရှင်းပြီးမှန်ကန်တဲ့ အဖြေဖြစ်တယ်လို့ ထောက်ခံထားပါတယ်။

Ref : Mirror





Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment