Powered by Blogger.

Harry Kane ကို စတာလင်ပေါင် ၄၅ သန်းနဲ့ နွေရာသီမှာ ခေါ်ယူဖို့ မန်ယူ မျက်စိကျနေ




မန်ချက်စတာယူနိုက်တက် အသင်းဟာ တော့တင်ဟမ်ဟော့ စပါး အသင်းရဲ့ တိုက်စစ်မှုး Harry Kane ကို စတာလင်ပေါင် ၄၅ သန်းနဲ့ နွေရာသီမှာ ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

တော့တင်ဟမ် အသင်းရဲ့ ကြယ်ပွင့်ဟာလည်း ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် စုစုပေါင်း ဂိုး ၃၀ တိတိ သွင်းယူထားပြီး ထိုခြေစွမ်းပြနိုင်မှုတွေက သူ့ကို ပထမဆုံး အင်္ဂလန်လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရဖို့ ဖြစ်လာစေခဲ့ပါတယ်။

အခုလည်း သူ့ရဲ့ ခြေစွမ်းတွေကို မန်ချက်စတာယူနိုက်တက် မန်နေဂျာကြီး Lousi Van Gaal က မျက်စိကျနေပြီး ဒီနှစ်နွေရာသီ အပြောင်းအရွှေ့စာရင်းထဲထည့်သွင်းထားတယ်လို့ သိရပါတယ်။

Daily Mail သတင်းဌာနက ရေးသားခဲ့တာကတော့ Louis Van Gaal ဟာ Harry Kane ကို ပထမဦးစားပေးအနေနဲ့ သတ်မှတ်ထားပါတယ်တဲ့။ ဒါပေမယ့်လည်း Van Gaal က Memphis Depay ဆိုတဲ့ တောင်ပံ ကစားသမား လေးကိုလည်း စတာလင်ပေါင် ၂၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူပြီးဖြစ်နေပါပြီ။

မန်ယူ အသင်းရဲ့ ဒု-ဥက္ကဌ ဖြစ်တဲ့ Ed Woodward ကတော့ မန်ယူအသင်းအနေနဲ့ သင့်တော်တဲ့ နောက်ထပ်ကစားသမား တစ်ယောက်ကို ခေါ်ယူဖို့အတွက် ပိုက်ဆံ သုံးခွင့် ပေးထားပါတယ်လို့ ဒီနေ့ပဲ ပြောလိုက်ပါတယ်။

ရီးရဲမက်ဒရစ် အသင်း ရဲ့ ကစားသမား  Gareth Bale ကတော့ Angel Di Maria နဲ့ Robin van Persie တို့ကို ရောင်းထုတ်ပြီးမှ ခေါ်ယူလို့ရနိုင်မှာမို့လို့ Van Gaal အတွက် ရွေးချယ်စရာ တစ်ခုဖြစ်နေပါတယ်။ဒါ့အပြင် မန်ယူအသင်းအနေနဲ့ ညာနောက်တန်း ၊ ဗဟို နောက်တန်း နဲ့ ဗဟို အလယ်တန်း ကစားသမားတို့ကိုလည်း ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။

( Mario )
Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment