Powered by Blogger.

မန်ယူ ကြယ်ပွင့် Chris Smalling ရဲ့ နေအိမ် မီးလောင်မှု ဖြစ်ပွား


Chris Smalling 


မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကြယ်ပွင့် ကစားသမား Chris Smalling ရဲ့ နေအိမ်ရှိ ရေနွေးပူကန် ဟာ အပူလွန်ပြီး မီးလောင်မှု ဖြစ်ခဲ့တဲ့အတွက် မီးသတ် အဖွဲ့က သွားရောက်ကူညီ ခဲ့ရတယ်လို့ Manchester Evening သတင်းဌာန က ဖော်ပြထားပါတယ်။

မနေ့ညက Chris Smalling ရဲ့ အိမ်နောက်ဖေး ပန်းခြံထဲမှာရှိတဲ့ လုံခြုံရေး ကိရိယာ အလိုလျောက်သတိပေးလာတဲ့ အတွက် အရေးပေါ်အဖွဲ့ဟာ အချိန်မီ သွားရောက်ခဲ့ရတာ ဖြစ်ပြီး ထို အဖြစ် အပျက် ဖြစ်နေချိန်မှာတော့ Chris Smalling ဟာ နေအိမ်မှာ ရှိမနေဘူးလို့သိရပါတယ်။ မီးလောင်မှု ဖြစ်ပွားရတဲ့  အဓိက အကြောင်းအရင်းကတော့ လျှပ်စစ်မီးကြောင့်ပဲဖြစ်ပါတယ်။

ရဲတပ်ဖွဲ့လည်း Smalling ရဲ့ နေအိမ်ကနေ မီးခိုးငွေ့တွေထွက်နေတာကို သတိထားမိခဲ့ပြီး သွားရောက် စုံစမ်းလိုက်တဲ့အခါမှာတော့ အိမ်နောက်ဖေးအထိ မီးကူးနေခဲ့တာဖြစ်တယ်လို့ လည်းသိရပါတယ်။

ရဲတပ်ဖွဲ့တွေကနေမှ တစ်ဆင့် မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားကာ မီးငြိမ်းသတ်စေခဲ့တာဖြစ်တယ်လို့ စောင့်ကြည့်ရေးမန်နေဂျာ Stuart France ကလည်းဆိုပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ရောက်နှင့်နေတဲ့ ရဲတပ်ဖွဲ့တွေက အိမ်နောက်ဖေး ရေပိုက်က ရေတွေနဲ့ မီးကို ငြှိမ်းသတ်နှင့်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့အခါမှာလည်း အိမ်နောက်ဖေး ရေပိုက် နဲ့ မီးသတ်ပိုက် တွေကို သွယ်ပြီး မီးကို အပြီးသတ် ငြှိမ်းခဲ့ရတယ်လို့ သိရပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment