Powered by Blogger.

ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက်သွားတဲ့ ဂျူဗင်တပ်စ်




နောက်လ ဘာလင်မြို့မှာ ကျင်းပမယ့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာ ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အသင်းကတော့ ဂျူဗင်တပ်စ် ဖြစ်သွားပါပြီ။ မနေ့ညက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ ဂျူဗင်တပ်စ်နဲ့ ရီးရဲမက်ဒရစ် တို့ ဟာ ၁ဂိုး-၁ဂိုး နဲ့ သရေကျခဲ့တဲ့အတွက် ၂ ပွဲပေါင်းရလဒ် ၃ဂိုး-၂ဂိုး နဲ့ ဂျူဗင်တပ်စ် အသင်းက အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။

ပထမပိုင်း ၂၃ မိနစ်မှာကတည်းက ရီးရဲမက်ဒရစ် အသင်းဟာ ပင်နယ်တီ ရရှိခဲ့ပြီး C.Ronaldo က ရီးရဲ အသင်း အတွက် အဖွင့်ဂိုးကို ပင်နယ်တီကတစ်ဆင့်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယ ပိုင်းပြန်စပြီး မကြာခင် ၅၇ မိနစ်မှာ ဂျူဗင်တပ်စ် တိုက်စစ်မှုး စပိန်နိုင်ငံသား Alvaro Morata ရဲ့ သွင်းဂိုးနဲ့ ရီးရဲ အသင်းသားတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

ရီးရဲ မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် အိပ်မက် အဆုံးသတ်သွားရသလို ရီးရဲ အသင်းရဲ့ တန်ဖိုးကြီး တိုက်စစ်မှုး Gareth Bale တစ်ယောက်လည်း ဂျူဗင်တပ်စ် နဲ့ ပွဲမှာ အခွင့်အရေးတိုင်းကို လွဲချော်စေခဲ့တဲ့အတွက် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။

ဂျူဗင်တပ်စ် အသင်းအနေနဲ့ ဖိုင်နယ်မှာ ယှဉ်ပြိုင်ရမယ့် ဘာစီလိုနာ အသင်းရဲ့ တိုက်စစ် ကိုတော့ သေချာ ဂရုစိုက်ရပါလိမ့်မယ်။ Messi ၊ Suarez နဲ့ Neymar တို့ရဲ့ ၃ ယောက်ပေါင်း တိုက်စစ်ကို တားဆီးနိုင်တဲ့ ကစားကွက်မျိုးကို ဂျူဗင်တပ်စ် အသင်းအနေနဲ့ ပိုင်ဆိုင်ထားဖို့လိုပါလိမ့်မယ်။

ဂျူဗင်တပ်စ် အသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ် ကို ၂၀၀၃ ခုနှစ်က နောက်ဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၃ ချန်ပီယံလိဂ်ဖိုင်နယ်ကို အိုးထရက်ဖို့ဒ် ကွင်းမှာ ကျင်းပခဲ့ပြီး ဂျူဗင်တပ်စ် အသင်းနဲ့ အေစီမီလန် အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ၀-၀ ဂိုးနဲ့ သရေကျခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ရယူခဲ့ရာမှာ အေစီမီလန် အသင်းက အနိုင်ရခဲ့တာဖြစ်ပါတယ်။




Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment