Powered by Blogger.

မန်ယူ-မန်စီးတီး ယူ၂၁ ပွဲမှာ ပရိတ်သတ်တွေ ရန်ဖြစ်


ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ပရိတ်သတ်များ


မနေ့က အိုးထရက်ဖို့ဒ် ကွင်းကြီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီး အသင်းတို့ရဲ့ အသက် ၂၁ နှစ်အောက် ကစားသမားများ ယှဉ်ပြိုင်ပွဲ ( ယူ-၂၁ ) ပွဲစဉ်မှာ ၂ ဖက် ပရိတ်သတ်တွေ အချင်းချင်း ပဋိပက္ခတွေဖြစ်ခဲ့ကြတဲ့အတွက် လုံခြုံရေး ၀န်ထမ်းများက ထိန်းသိမ်းခဲ့ကြရတယ်လို့ သိရပါတယ်။

ထိုပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက် လူငယ်အသင်းက ၄ဂိုး - ဂိုးမရှိနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ပွဲကြည့်ပရိတ်သတ် တွေအနေနဲ့ ၀င်ကြေးအခမဲ့ ဖြစ်တဲ့အတွက် အရေအတွက် တစ်သောင်းခြောက်ထောင် ခန့်လာကြည့်ခဲ့တာ ဖြစ်ပါတယ်။

ပြသနာ စတင် တက်ခဲ့တာကတော့ ပွဲကြည့်စင်ရဲ့ J နံပါတ် ခုံတန်းမှာဖြစ်ပြီး ပြသနာဖြစ်ခဲ့တဲ့ နှစ်ဖက်ပရိသတ်တွေက ကိုယ့်နေရာမှာ ကိုယ်ပြန်ထိုင်ဖို့ အချိန်မီတားဆီးခဲ့ပေမယ့် လည်း ခဏအကြာမှာ ပွဲကြည့်ပရိတ်သတ်တစ်ယောက်က ကွင်းထဲကို ပြေးဝင်လာပြီး မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမားတစ်ယောက်ကို ရန်စ စကားပြောခဲ့တာဖြစ်ပါတယ်။

အခြား တစ်ဖက် ပွဲကြည့်စဉ်မှာ ရှိနေတဲ့ ပရိတ်သတ်တွေကတော့ ပွဲစဉ်ပြီးဆုံးသည်အထိ ကြည့်ရှု အားပေးခဲ့ကြပါတယ်။

ထိုကွင်းထဲသို့ ပြေးဝင်လာသူ နဲ့ အခြား ခိုက်ရန် ဖြစ်ပွားခဲ့တဲ့ ပရိတ်သတ်တွေကိုတော့ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကွင်းထဲဝင်လာတဲ့ ပရိတ်သတ်တစ်ဦး


Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment