Powered by Blogger.

ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို တက်ရောက်သွားတဲ့ ဘာစီလိုနာ


အောင်ပွဲခံနေတဲ့ ဘာကာ အသင်းသားများ


ပွဲချိန် ၈ မိနစ် နောက်ပိုင်းမှာ ဘိုင်ယန်မြူးနစ်က အဖွင့်ဂိုးသွင်းပြီးတဲ့နောက် ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်ကို နိုင်ပါ့မလားဆိုတဲ့ စိတ်နဲ့ ယှဉ်ပြိုင်နေခဲ့ရပေမယ့်  Lionel MessiLuis Suarez နဲ့ Neymar တို့ Luis Enrique ရဲ့ ကစားကွက်ကို အကောင်းဆုံးပုံဖော်ပြီး နောက်လ ဘာလင်မှာ ယှဉ်ပြိုင်မယ့် ချန်ပီယံ လိဂ် ဖိုင်နယ် အတွက် သေချာစေခဲ့ပါတယ်။

Mehdi Benatia ရဲ့ ၇ မိနစ်မှာတင် သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကြောင့် ဘိုင်ယန်မြူးနစ်အနေနဲ့ ပထမအကျော့ နျူးကမ့်မှာ ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့မှု ကို ချေပနိုင်တော့မယ်လို့ ထင်လိုက်မိမှာပါ။ ဒါပေမယ့်လည်း ပထမပိုင်းမှာတင်ပဲ Neymar က ၂ ဂိုးပြန်လည်သွင်းယူလိုက်တဲ့အတွက် ဘိုင်ယန်မြူးနစ်ရဲ့ မျှော်လင့်ချက်တွေ အားလုံး ပျက်ဆီးသွားခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဘိုင်ယန် အသင်းဘက်က ကစားသမားတွေဟာ ဒုတိယ ပိုင်းမှာ ဆက်လက် ရုန်းကန်ခဲ့ကြပြီး Robert Lewandowski နဲ့ Thomas Muller တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲရလဒ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့ အနေအထားအဖြစ် ပြောင်းလဲ လိုက်နိုင်ပေမယ့်လည်း ပထမအကျော့ ရလဒ် အရ ဘာစီလိုနာ သာ ဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဖိုင်နယ်မှာတော့ ဘာစီလိုနာ နဲ့ ယှဉ်ပြိုင်ရမယ့်အသင်းဟာ ရီးရဲမက်ဒရစ် နဲ့ ဂျူဗင်တပ်စ် ဘယ်အသင်းဖြစ်မယ်ဆိုတာကို ဒီည ယှဉ်ပြိုင်မယ့် ဘာနေဗျူးကွင်းထဲပွဲစဉ်ကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ် နောက်တန်းတွေ မတားဆီးနိုင်ခဲ့တဲ့ Messi ၊ Suarez နဲ့ Neymar တို့ ၃ ယောက်ရဲ့ တိုက်စစ်ကို ရီးရဲ နဲ့ ဂျူဗင် က နောက်တန်းတွေလည်း တားဆီးနိုင်ဖို့ ခက်ခဲနေဦးမှာပါ။

ဘိုင်ယန်မြူးနစ် အသင်းရဲ့ မန်နေဂျာ Guardiola က တော့ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှုးတွေကိုကမ္ဘာ့အကောင်းဆုံး တိုက်စစ် လို့ တင်စား သတ်မှတ်ခဲ့ပါတယ်။



Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment