Powered by Blogger.

အသင်းကြီးတွေမျက်စိကျနေတဲ့ Raheem Sterling လန်ဒန်သို့ အိမ်ပြောင်း




Raheem Sterling ဟာ သူ့ရဲ့ မာဆေးဆိုက်ဒ်မှာ ရှိတဲ့ နေအိမ်ကိုရောင်းချပြီး လန်ဒန်မှာ အိမ်အသစ်ဝယ်ဖို့ ကြိုးစားနေပါတယ်။

ချဲလ်ဆီးအသင်းနဲ့ အာစင်နယ် အသင်းတို့ဟာ ဒီနှစ်နွေရာသီမှာ Sterling ကို စာချုပ်ချုပ် ခေါ်ယူနိုင်ဖို့  ကြိုးစားနေကြပါတယ်။ သူနဲ့ လီဗာပူးအသင်းရဲ့ အနာဂါတ်ကလည်း အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို Sterling တစ်ယောက် ငြင်းပယ်ခဲ့ပြီးတဲ့နောက်မှာ အန်ဖီးလ်ကွင်းကို ခွဲခွာသွားဖို့အထိ ဖြစ်လာပါတယ်။

Sterling ရဲ့ အန်ဖီးလ်ကို နှုတ်ဆက်မယ့် အစီအစဉ်ဟာ လီဗာပူးမြို့ရဲ့ မြောက်ဘက် မိုင် ၂၀ မှာ ရှိတဲ့ Southport မြို့က နေအိမ်ကိုရောင်းချဖို့ ကြိုးစားပြီး စတင်ခဲ့ပါတယ်။ 

ဒါ့အပြင် လီဗာပူးအသင်းက တစ်ပတ် လုပ်ခ စတာလင်ပေါင် ၉၀,၀၀၀ နဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းတာကို ပယ်ဖျက်ခဲ့ခြင်းဟာ စောင့်ကြည့်နေတဲ့ ကလပ် အသင်းကြီးတွေကို မျက်ခုံးလှုပ်စေခဲ့မှာပါ။ 

ဂျမေကာ နိုင်ငံသားSterling ဟာ လန်ဒန်ကိုပြောင်းရွှေ့နေထိုင်ဖို့လည်း စီစဉ်နေပြီး လန်ဒန်ဟာ သူ ကြီးပြင်းခဲ့တဲ့ နေရာလည်းဖြစ်ပြီး လီဗာပူး ကို မရောက်ခင် QPR အသင်းနဲ့အတူ သူ့ရဲ့ ဘောလုံးသမား ဘ၀ ကို ဖြတ်သန်းခဲ့တဲ့ နေရာ ဆိုလည်းဟုတ်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီး နဲ့ အာစင်နယ် အသင်းတွေသာမကပဲ မန်ချက်စတာစီးတီး ၊ စပိန် ကလပ် ရီးရဲ မက်ဒရစ်နဲ့ ဂျာမန် ကလပ် ဘိုင်ယန်မြူးနစ်တို့ကလည်း Sterling ကို ခေါ်ယူချင်နေကြပါတယ်။လီဗာပူး အသင်းကတော့ Sterling ကို ဒီနှစ်ရောင်းချဖို့အတွက် ငြင်းပယ်နေဦးမှာပါ။ Sterling နဲ့ လီဗာပူး အသင်းရဲ့ သဘောတူစာချုပ်ဟာ ၂ နှစ် သက်တမ်း ကျန်ရှိနေပါသေးတယ်။


Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment