Powered by Blogger.

ဆွမ်ဆီးဂိုးသမား Fabianski ရဲ့ လက်စွမ်းပြမှုကြောင့် ဆွမ်ဆီးအသင်းကို အာစင်နယ် အသင်း ရှုံးနိမ့်

Lukasz Fabianski

Lukasz Fabianski တစ်ယောက် Emirates ကွင်းကြီး ကို ပြန်လည်ရောက်လာပြီး အာစင်နယ် အသင်းကို အိပ်မက်ဆိုးတွေနဲ့ ခြောက်လှန့်ခဲ့ပါတော့တယ်။

အရင်တုန်းက အာစင်နယ်အသင်းရဲ့ ဂိုးသမားဖြစ်ခဲ့တဲ့ Lukasz Fabianski ဟာ မနေ့ညက ပွဲစဉ်မှာ ဆွမ်ဆီး အသင်းရဲ့ ဟီးရိုး တစ်ယောက်ဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အန္တရာယ်များနေသေးတဲ့ အာစင်နယ် အသင်းကို ချွေးပြန်စေခဲ့တာပဲဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆွမ်ဆီး အသင်းက အာစင်နယ် အသင်းကို ၁ဂိုး - ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ ထိုပွဲမှာတော့ အာစင်နယ် အသင်းရဲ့ ကံတရားက မလှပခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၁၂ လ ခန့်က အာစင်နယ် အသင်းကနေ ဆွမ်ဆီးအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားတဲ့ Lukasz Fabianski ဟာ အာစင်နယ်တိုက်စစ်မှုး တွေဖြစ်တဲ့ Santi Cazorla ၊ Nacho Monreal၊ Theo Walcott နဲ့ Alexis Sanchez တို့ရဲ့ အပြီးသတ် ဂိုးသွင်းယူ မှုတွေတိုင်းကို တားဆီးနိုင်ခဲ့ပါ တယ်။

တစ်ပွဲလုံးနီးပါး အာစင်နယ် အသင်းဘက်က ဖိ ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၈၆ မိနစ်ရောက်မှ ဆွမ်ဆီးအသင်းရဲ့တိုက်စစ်မှုး Bafetimbi Gomis  ရဲ့ ခေါင်းတိုက် ဂိုးကို တော့ အာစင်နယ် ဂိုးသမား David Ospina တစ်ယောက် ဘယ်လိုမှ မကာကွယ် လိုက်နိုင်ပါဘူး။


ဆွမ်ဆီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်နေပြီး Europa ဖလား ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ကျန်တဲ့ ပွဲစဉ် ၂ ပွဲကိုလည်း ဆက်လက် ရုန်းကန် ရဦးမှာ ဖြစ်ပါတယ်။




Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment