Powered by Blogger.

Garry Monk သာလျှင် အကောင်းဆုံး မန်နေဂျာ ဆုကို ရသင့်တယ်လို့ Arsene Wenger ဆို

အသက် ၃၆ နှစ်သာရှိသေးတဲ့ Swansea အသင်းရဲ့မန်နေဂျာ Garry Monk



အာစင်နယ် အသင်းရဲ့ မန်နေဂျာ ဖြစ်တဲ့ Arsene Wenger ယုံကြည်ထားတာကတော့ Garry Monk သာလျှင် အကောင်းဆုံး မန်နေဂျာ ဆုကို ရသင့်တာဖြစ်ပြီး LMA(League Manager Association) အနေနဲ့ Jose Mourinho ကို အလွယ်တကူ မသတ်မှတ်လိုက်သင့်ဘူးလို့ ဆိုပါတယ်။

အသက် ၃၆ နှစ်သာရှိသေးတဲ့ Garry Monk ဟာ Swansea အသင်းကို ဒီနှစ်ဘောလုံးရာသီမှာမှ စတင် ကိုင်တွယ်ပြီး သူတို့ရဲ့ ပရီးမီးယားလိဂ် ရပ်တည်မှု အဆင့်ကို အဆင့် ၈ နေရာမှာ  ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ Arsene Wenger က ဆိုပါတယ်။

Garry Monk ဟာ လက်ရှိမှာ အသက်အငယ်ဆုံး နည်းပြတစ်ယောက်ဖြစ်နေပြီး မန်နေဂျာ အတွေ့အကြုံအရလည်း ၁၃ လ သာရှိသေးတယ်လို့သိရပါတယ်။ သူဟာ သူ့ရဲ့ ပထမဆုံး မန်နေဂျာ စတင်လုပ်ကိုင်တဲ့ အချိန်မှာတင် ၀ါရင့် သမ္ဘာရင့် မန်နေဂျာကြီးတွေနဲ့ ရင်ဘောင်တန်း ရပ်တည်နိုင်ခဲ့ပါတယ်။

အသက် ၆၅ နှစ်ရှိနေပြီဖြစ်တဲ့ အာစင်နယ် အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Arsene Wenger ကတော့ လာမယ့် ဘောလုံးရာသီမှာ သူ့ရဲ့ အာစင်နယ် မန်နေဂျာသက်တမ်း နှစ် ၂၀ ပြည့်ကို ဂုဏ်ပြုရမှာဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ တစ်လချင်းအလိုက် အကောင်းဆုံးမန်နေဂျာ ကို မကြေညာခဲ့ပေမယ့် လိဂ် မန်နေဂျာများ အသင်းကတော့ ချဲလ်ဆီး အသင်း ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ ဖြစ်သွားတဲ့အတွက် Jose Mourinho ကို အကောင်းဆုံးနည်းပြအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒီညမှာတော့ Arsene Wenger ကိုင်တွယ်တဲ့ အာစင်နယ် အသင်းနဲ့ Garry Monk ရဲ့ ဆွမ်စီး အသင်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အာစင်နယ် အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Arsene Wenger


Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment