Powered by Blogger.

ရီးရဲ တိုက်စစ်မှုး Gareth Bale ကို မန်ယူ ခေါ်နိုင်ဖို့ ကြိုးစားနေ

Gareth Bale


သရဲနီ အသင်းသားတွေဟာ Selhurst Park ကွင်းကြီးမှာ အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ပြီးတဲ့နောက် ၃ မှတ် ရယူလိုက်နိုင်ကာ နောက်နှစ်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် ၀င်ခွင့်သေချာသွားခဲ့ပါပြီ။

အခုချိန်မှာတော့ မန်ယူ အသင်းဟာ ရီးရဲမက်ဒရစ် အသင်းရဲ့ ကြယ်ပွင့် Gareth Bale ကို နွေရာသီ အပြောင်း အရွှေ့ကာလ မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားခွင့် ရသွားပါတယ်။

Gareth Bale ဟာ ၂၀၁၀ - ၂၀၁၁ ဘောလုံးရာသီ နဲ့ ၂၀၁၂ - ၂၀၁၃ ဘောလုံးရာသီ တို့မှာ တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆု တွေကို ရရှိခဲ့သူ ဖြစ်ပြီး အင်တာမီလန် အသင်းကနေ ရီးရဲ မက်ဒရစ်အသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ၂၀၁၀ မှာ ပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်းဟာ ဂိုးသွင်းကောင်းတဲ့ ပီအက်စ်ဗွီ အသင်းက တောင်ပံ ကစားသမား Memphis Depay ကို စတာလင်ပေါင် ၂၂ သန်း နဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီပြီးဖြစ်နေပါပြီ။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်နှစ်ဘောလုံး ရာသီ ချန်ပီယံလိဂ်အတွက်လည်း ၀င်ခွင့်ရရှိပြီးဖြစ်သလို ချန်ပီယံလိဂ် သမိုင်းမှာလည်း အစဉ်အလာကြီးမားခဲ့တဲ့အတွက် Gareth Bale အနေနဲ့ စဉ်းစားဆင်ခြင် စရာတွေဖြစ်နေမှာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် နဲ့ပွဲစဉ်မှာ ၂ ဂိုး - ၁ဂိုး နဲ့ အနိုင်ရ ခဲ့ပြီးတဲ့နောက် ရမှတ် ၆၈ မှတ် နဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပြီး နံပါတ် ၅ နေရာမှာ ရောက်နေ တဲ့ လီဗာပူး အသင်းကတော့ မနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီး အသင်းနဲ့ ၁ဂိုး - ၁ဂိုး သရေကျခဲ့တဲ့အတွက် ရမှတ် ၆၂ မှတ်ဖြစ်နေပြီး မန်ယူ ကို မှီနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။





Ref : Mirror



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment