ဘရာဇီးလ်နိုင်ငံသား ဂန္တ၀င် ဘောလုံးသမား ကြီး Pele ဟာ ၆ လ အတွင်းမှာပဲ ဒုတိယ အကြိမ်မြောက် ဆေးရုံ တက်ရပြန်ပါပြီ။
အသက် ၇၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကမ္ဘာ့ဘောလုံး အကျော်အမော်ကြီး Pele ဟာ Albert Einstein ဆေးရုံမှာ တင်ထားရတယ်လို့ ဘရာဇီးလ်နိုင်ငံ ၊ ဆာအိုပေါ်လို မြို့ရဲ့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။
ဆေးရုံ တာဝန်ရှိသူတွေက Pele ဆေးရုံတက်နေရတာ မှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပေမယ့်လည်း ဘာရောဂါ ဖြစ်တယ်ဆိုတာကို အသေးစိတ်ပြောကြားခဲ့ခြင်း မရှိပါဘူး။
Globoesporte ဆိုတဲ့ ပြည်တွင်း မီဒီယာ တစ်ခု က ဖော်ပြခဲ့တာကတော့ Pele ဟာ ဆီးလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါ တစ်ခု ဖြစ်နေပြီး ခွဲစိတ် ကုသမှု ခံယူထားရတယ်လို့ ဆိုပါတယ်။
Pele ဟာ မနှစ်က နိုဝင်ဘာလ မှာလည်း ကျောက်ကပ်ပြသနာ ကြောင့် ထိုဆေးရုံမှာ ပဲ ၂ ပတ်ကြာဆေးကုသ မှု ခံယူခဲ့ရပါသေးတယ်။
Pele ဟာ ဘရာဇီးလ် ဘောလုံးအသင်းနဲ့ Santos ကလပ်အသင်းအတွက် စုစုပေါင်း ၁၂၈၀ ဂိုး တိတိ သွင်းယူပေးခဲ့ပြီး အချိန်တိုင်းအတွက် အကောင်းဆုံး ဘောလုံးသမား တစ်ယောက် အဖြစ် သတ်မှတ် ခြင်း ခံခဲ့ရပါတယ်။
Pele Kick လို့ သတ်မှတ်ခဲ့ကြတဲ့ Pele ရဲ့ ကမ္ဘာကျော်နောက်ပြန် ဂိုးသွင်းဟန် |
၁၉၆၂ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီးလ် အသင်းရဲ့ တိုက်စစ်မှုး Pele |
Ref : Mirror
0 comments :
Post a Comment