Powered by Blogger.

ယာဉ်မောင်း လိုင်စင် အသိမ်းခံ လိုက်ရတဲ့ Carlos Tevez

အာဂျင်တီးနား တိုက်စစ်မှုး Carlos Tevez



လက်ရှိ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲ မက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင်နေရတဲ့ ဂျူဗင်တပ်စ် အသင်းရဲ့ တိုက်စစ်မှုး Carlos Tevez ဟာ အီတလီနိုင်ငံမှာ ကားကို အရှိန်ပြင်းစွာ မောင်းမိတဲ့ အတွက် ယာဉ်မောင်း လိုင်စင် အသိမ်းခံ လိုက်ရတယ်လို့ သိရပါတယ်။

မန်စီးတီး နဲ့ မန်ယူ ရဲ့ တိုက်စစ်မှုးဟောင်း တစ်ယောက်လည်း ဖြစ်တဲ့ Carlos Tevez ဟာ အီတလီ နဲ့ ပြင်သစ် ကို ချိတ်ဆက်ပေးထားတဲ့ Mont Blanc လှိုဏ်ဂူ ထဲမှာ တ်စနာရီ ၇၄.၅ မိုင်နှုန်းနဲ့ မောင်းနှင်ခဲ့တဲ့ အတွက် လိုင်စင် အသိမ်းခံရတာ ဖြစ်ပါတယ်။

ထို လှိုဏ်ဂူ ထဲမှာ မောင်းနှင်ဖို့ သတ်မှတ်ပေးထားတဲ့ အရှိန် က တစ်နာရီ ၄၄ မိုင်နှုန်းပါ။ အခုတော့ Tevez က သတ်မှတ် အရှိန်နှုန်းကို ၃၀ မိုင်နှုန်း လောက် ကျော်လွန်မောင်းနှင်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ကလည်း မန်ချက်စတာစီးတီး အသင်းမှာ တိုက်စစ်မှုး ဖြစ်နေစဉ် အချိန် Carlos Tevez ဟာ အရှိန် ပြင်းစွာ မောင်းနှင်တဲ့ အတွက် ယာဉ်မောင်းခွင့် ၆ လ အပိတ် ခံခဲ့ရဖူးပါတယ်။ ၆ လ ပြည့်တဲ့နောက် စတာလင်ပေါင် ၁၀၀၀ ဒဏ်ငွေ ပေးဆောင်ခဲ့ရပြီး လူမှုရေး ၀န်ဆောင်မှု နာရီ ၂၅၀ ကြာ လုပ်ပေးခဲ့ရပါတယ်။

အခုတစ်ခေါက် လိုင်စင် အသိမ်းခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး Tevez အနေနဲ့ ပွဲစဉ်အတွင်းမှာပဲ သက်ရောက် မှုတွေ ရှိမနေစေဖို့ ဂျူဗင်တပ်စ် အသင်းသားတွေက မျှော်လင့်နေကြပါတယ်။ နောက်တစ်ပတ် ထဲမှာ ဂျူဗင် တပ်စ် အသင်းဟာ ရီးရဲမက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူး ကို သွားရောက်ပြီး ချန်ပီယံ လိဂ် ဆီမီးဖိုင်နယ် အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment