Powered by Blogger.

ချဲလ်ဆီး အသင်းသားတွေကို ၄ ရက်ခန့် အားလပ်ရက်ပေး


လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီး အသင်း


ကြားလိုက် ရတဲ့ သတင်းကတော့ မန်ယူ မန်နေဂျာကြီး Louis Van Gaal အတွက် တော့ ဒေါသထွက်စရာပါပဲ။ မန်ယူ အသင်းဟာ လာမယ့် ပွဲစဉ်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား မှာ နံပါတ် ၄ နေရာ ရရှိဖို့အတွက် လီဗာပူး နဲ့ ဆက်လက် ယှဉ်ပြိုင်ရဦးမှာပါ။

ဒါပေမယ့် လာမယ့် ပွဲစဉ်မှာ လီဗာပူး နဲ့ ယှဉ်ပြိုင်ရမယ့် အသင်းကတော့ ချန်ပီယံ ချဲလ်ဆီး ဖြစ်ပြီး ချဲလ်ဆီး အသင်းရဲ့ မန်နေဂျာ Jose Mourinho က တော့ သူ့ရဲ့ အသင်းသားတွေကို ၄ ရက်ခန့် အားလပ်ရက်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိ အမှတ်ပေးဇယား မှာတော့ Louis Van Gaal ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နံပါတ် ၄ နေရာမှာ ရောက်ရှိနေပြီး လီဗာပူး အသင်းကတော့ မန်ယူ ရဲ့ အနောက်ကပ်ရပ် ၄ မှတ် အကွာ နဲ့ ရပ်တည်နေပါတယ်။ ၂ သင်းလုံး လက်ကျန် ကစားပွဲ ၃ ပွဲ ကျန်နေသေးတာမို့လို့ လာမယ့် ပွဲစဉ်မှာသာ လီဗာပူး က ချဲလ်ဆီး ကို နိုင်သွားခဲ့မယ်ဆိုရင်တော့ Louis Van Gaal အတွက် ရတက်မအေးစရာပါ။

နောက်တစ်ပတ်မယ့် ကစားရမယ့် ချဲလ်ဆီး နဲ့ လီဗာပူးပွဲစဉ်မတိုင်မီ မှာ ချဲလ်ဆီး အသင်းက ကစားသမားတွေကို အားလပ်ရက်ပေးလိုက်တဲ့အတွက် သူတို့အသင်းအနေနဲ့ ပွဲမတိုင်မီ လေ့ကျင့်ချိန် ၂ ရက်ခန့် ပဲ ရတော့ မှာပါ။

ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှုး Eden Hazard ဆိုရင် ကမ်းခြေတစ်ခုကို အပန်းဖြေ ခရီးထွက်နေတဲ့ ဓါတ်ပုံပါ Instagram မှာ တင်ထားပြီးပါပြီ။ လီဗာပူး နဲ့ ပွဲ ကို ချဲလ်ဆီး အသင်းအနေနဲ့ ပေါ့ပေါ့ပါးပါး ရင်ဆိုင်ဖို့ကြိုး စားခြင်းဟာ မန်ယူ အသင်းအတွက် မျက်ခုံးလှုပ်စရာ ဖြစ်နေပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment