Powered by Blogger.

ချဲလ်ဆီး အသင်းဟာ Petr Cech ကို အာစင်နယ် အသင်းသို့ ပြောင်းရွှေ့ခွင့်ပေးမှာ မဟုတ်




အင်္ဂလန်ဘောလုံး လောက အခြေအနေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ယောက် ဖြစ်တဲ့ Ray Wilkins က ချဲလ်ဆီး အသင်းဟာ Petr Cech ကို အာစင်နယ် အသင်းသို့ ပြောင်းရွှေ့ခွင့်ပေးမှာ မဟုတ် ဘူးလို့ တွက်ချက်လိုက်ပါတယ်။ 

ချဲလ်ဆီး အသင်းရဲ့ ဂိုးသမား တစ်ယောက်လည်း ဖြစ်တဲ့ Petr Cech ဟာ အခြားဂိုးသမား တစ်ယောက်ဖြစ်တဲ့ Thibaut Courtois ရဲ့ နောက်က အရန် လူတစ်ယောက် ဖြစ်လာခဲ့ပြီးတဲ့ နောက်မှာ စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းကြီးကို နှုတ်ဆက်ဖို့ စဉ်းစားနေပါပြီ။

ပရီးမီးယားလိဂ် ပြိုင်ဘက်ဖြစ်တဲ့ အာစင်နယ် အသင်းနဲ့ ပြင်သစ် ကလပ် အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်း တို့က Petr Cech ကို စာချုပ်ချုပ် ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြပေမယ့် ချဲလ်ဆီး အသင်းရဲ့ လက်ထောက် နည်းပြ လုပ်ခဲ့ဖူးသူ Ray Wilkins က တော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဟာ Petr Cech ကို ရောင်းမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုလိုက်ပါတယ်။ 

"သင်တို့သာ အရင်နှစ်တွေတုန်းက ချဲလ်ဆီးရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်လိုက်ရင်သိလိမ့်မယ် ။ Didier Drogba ၊ Nicolas Anelka နဲ့ Salomon Kalou တို့လိုပါပဲ။ သူတို့အားလုံးဟာ ပြည်ပကို ရောင်းထုတ်ခံလိုက်ရတာပဲ။ ဒါဆို သူတို့ဟာ ကလပ်အသင်းကို ပြန်ပြီး ဒုက္ခ မပေးနိုင်တော့ပါဘူး။Mourinho ဟာ Peter Cech ကိုလည်း ဒီနည်းလမ်းပဲ အသုံးချဦးမှာပါ" လို့ Ray Wilkins ကဆိုပါတယ်။
Petr Cech ဟာ ဒီနှစ်ဘောလုံးရာသီမှာ ၁၅ ပွဲ ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၆ ပွဲပဲ ပရီးမီးယားလိဂ်မှာ ကစားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ လက်ထောက်နည်းပြဟောင်း Ray Wilkins

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment