Powered by Blogger.

Falcao ရဲ့ အငှားစာချုပ်ကို မန်ယူ သက်တမ်းတိုး

Radamel Falcao


မန်ချက်စတာ ယူနိုက်တက် အသင်းဟာ Radamel Falcao ရဲ့ အငှားစာချုပ်ကို သက်တမ်းတိုးဖို့ ဆုံးဖြတ် လိုက်ပြီး သူ့ရဲ့ ထိုက်တန်မှု ကို သက်သေပြဖို့ နောက်ဆုံး အခွင့်အရေးပေးလိုက်ပါပြီ။

တိုက်စစ်မှုး Falcao ရဲ့ စာချုပ်ဟာ ဇွန်လ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ Falcao ကို အငှားစာချုပ်မဟုတ်တော့ ပဲ ၀ယ်ယူဖို့ ရွေးချယ်စရာ ဖြစ်လာခဲ့ပါပြီ။

Falcao ကိုဝယ်ယူမယ်ဆိုရင်တော့ သူ့ရဲ့ မိခင်ကလပ် ပြင်သစ် အသင်း မိုနာကို ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၃.၂ သန်း ပေးရမှာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း မန်ယူ အသင်းအနေနဲ့က ဒီနှစ် ဘောလုံးရာသီ မှာ ဝေဖန်မှု များစွာ ကြုံခဲ့ရတဲ့ အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှုး ကို ဒီလောက်ငွေ ပမာဏ မျိုးပေးချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသင်း တာဝန်ရှိသူတွေ နားလည် လိုက်တာကတော့ အငှားစာချုပ် ကို သက်တမ်း ထပ်တိုးဖို့ပါပဲ။

အသင်းရဲ့ မန်နေဂျာ ဖြစ်တဲ့ Louis Van Gaal ကလည်း Falcao ကို သူ့အနေနဲ့ နောက်ချန် တိုက်စစ်မှုး အနေနဲ့ ကစားဖို့ လက်ခံမှ ဒီနှစ်နွေရာသီ ပြီး ရင် မန်ယူ မှာ ဆက်လက်ရှိနေနိုင်လိမ့်မယ် လို့ သတိပေးထားပြီးသားပါ။ 

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment