Powered by Blogger.

Messi ရဲ့ ဂိုးတွေနဲ့ ဘာစီလိုနာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဘာစီလိုနာ အသင်းအတွက် အနိုင်ဂိုး ၂ ဂိုး ကိုသွင်းယူခဲ့တဲ့ Messi


ဘာစီလိုနာ အသင်းကို ကျောခိုင်းကာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ မန်နေဂျာဖြစ်လာတဲ့ Pep Guardiola   တစ်ယောက် မနေ့ညက     နျူးကမ့် ကွင်းကြီး ကို ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် တစ်ခေါက်ပြန်ရောက်လာပါတယ်။

ဒါပေမယ့် လည်း  ပရိတ်သတ် တွေရဲ့ ဟီးရိုး Messi ရဲ့ သွင်းဂိုး ၂ ဂိုး နဲ့ Luis Enrique ရဲ့ ဘာစီလိုနာ အသင်း ဟာ Pep Guardiola ရဲ့ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး - ဂိုးမရှိ နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။ Neymar ရဲ့ နာကျင် အချိန်ပို အသည်းခွဲ ဂိုးကို သွင်းယူပြီးတဲ့နောက် ဘာစီလိုနာ ပရိတ်သတ်တွေ အားလုံးဟာ လာမယ့် ဇွန်လ ဘာလင်မြို့မှာ ကျင်းပမယ့် ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်အတွက် လက်မှတ် တွေ ကြိုတင်မှာယူဖို့ ဖြစ်လာပါတော့တယ်။

ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှုး Messi ကို ဘိုင်ယန်မြူးနစ်က နောက်တန်းတွေ ၇၇ မိနစ် အထိ တားထားနိုင်ခဲ့ပေမယ့် ၁၃ မိနစ် ၀န်းကျင် အတွင်းမှာတင် ဘာစီလိုနာ အသင်းက မျက်လှည့်ပြသွားသလို ဂိုးပြတ် နဲ့ အနိုင်ယူလိုက်နိုင်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ နောက်တစ်ပတ် မြူးနစ် ကွင်းမှာ ကန်ရမယ့် အိမ်ကွင်း ဒုတိယ အကျော့မှာ ဘာစီလိုနာ ကို ဂိုးပြတ် ပြန် အနိုင်ယူရမှာပါ။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ် နောက်တန်းတွေ Messi ကို ဘယ်လိုတားဆီး မလဲဆိုတာ တော့ စဉ်းစားစရာပါ။ ဒီနှစ် ဘောလုံး ရာသီ အတွက် Messi ဟာ စုစုပေါင်း သွင်းဂိုး ၅၃ ဂိုး ရှိနေပြီဖြစ်သလို နောက်တစ်ပတ်မှာလည်း အဝေးကွင်း သွင်းဂိုး တစ်ဂိုး လောက်သာ Messi ရယူလိုက်နိုင်ရင်တော့ ဘိုင်ယန်မြူးနစ်အသင်း အတွက် အခက်တွေ့စေတော့မှာပါ။


Ref : Mirror




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment