Powered by Blogger.

Messi ထက် ချန်ပီယံ လိဂ် သွင်းဂိုး ပိုများသွားခဲ့တဲ့ C.Ronaldo

ချန်ပီယံ လိဂ် သွင်းဂိုးခြင်း ယှဉ်ပြိုင်နေရတဲ့ C.Ronaldo နဲ့ Messi


လူငယ်တို့ရဲ့ အချစ်တော် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်တဲ့ Christiano Ronaldo ဟာ ရီးရဲမက်ဒရစ် အသင်းရဲ့ ဂျူဗင်တပ်စ် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ Linoel Messi ထက် ချန်ပီယံ လိဂ် သွင်းဂိုး ပိုများသွားခဲ့ပါတယ်။

ရီးရဲမက်ဒရစ် အသင်းရဲ့ ကြယ်ပွင့် Christiano Ronaldo ဟာ ပြိုင်ဘက် အသင်း ဘာစီလိုနာ ပြိုင်ဘက် ကစားသမား Lionel Messi ထက် ချန်ပီယံ လိဂ် သွင်းဂိုး စုစုပေါင်းမှာ တစ်ဂိုး ပိုမို များသွားပါတယ်။ Christiano Ronaldo ဟာ လက်ရှိမှာ ချန်ပီယံလိဂ် သွင်းဂိုး စုစုပေါင်း ၇၆ ဂိုး ရှိပါတယ်။

Ronaldo ဟာ ပွဲချိန် ၂၇ မိနစ်မှာ ကတည်းက Alvaro Morato ရဲ့ တိုက်စစ်ကို တန်ပြန် ရယူရာကတစ်ဆင့် ရီးရဲမက်ဒရစ် အတွက် အဖွင့် ဂိုးကို သွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Carlos Tevez ရဲ့ ဒုတိယပိုင်း ပင်နယ်တီ သွင်းဂိုး ကြောင့် စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ် အသင်းအတွက် နောက်တစ်ကြိမ် ရီးရဲမက်ဒရစ် အသင်းရဲ့ ဘာနေဗျူး ကွင်းမှာ ယှဉ်ပြိုင် ကစားရမယ့် နောက်တစ်ပတ် ဒုတိယ အကျော့ ပွဲစဉ်အတွက် တစ်သင်းလုံးကို စိတ်အေးစေခဲ့ပါတယ်။

Lionel Messi အတွက်ကတော့ Ronaldo ထက် ချန်ပီယံ လိဂ် သွင်းဂိုး ပိုများလာစေဖို့အတွက် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဘိုင်ယန်မြူးနစ် နဲ့ ပွဲစဉ်မှာ ခြေစွမ်းပြရမှာ ပဲဖြစ်ပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment