Powered by Blogger.

အာဖရိက ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်က အာစင်နယ် အသင်းကို ၀ယ်ယူချင်နေ


အာဖရိက မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် Aliko Dangote


အာဖရိက မှာ အချမ်းသားဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တဲ့ Aliko Dangote ဟာ ပရီးမီးယားလိဂ် အသင်းတစ်သင်း ဖြစ်တဲ့ အာစင်နယ် အသင်းကို ၀ယ်ယူချင်စိတ်ရှိနေတုးန်ပဲ လို့ဆိုလိုက်ပါတယ်။ Aliko Dangote ဟာ ၂၀၁၀ ခုနှစ်မှာ ကတည်းက အသင်းရဲ့ ရှယ်ယာတွေကို ၀ယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဈေးပြိုင်တဲ့ အခါမှာ ရှုံးနိမ့် သွားခဲ့တာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံသား သန်းကြွယ်သူဋ္ဌေး ဟာ လက်ရှိမှာ သူ အာစင်နယ်အသင်းကို ၀ယ်ယူချင်ခဲ့တဲ့ အချိန်တုန်းက ထက် ၈ ဆ ခန့် ပိုမိုချမ်းသာလာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အာစင်နယ်အသင်းကို ၀ယ်ယူချင်ခဲ့တာဟာ သူ့ရဲ့ အိပ်မက် တစ်ခုဖြစ်ပြီး ထို အိပ်မက် ကို တစ်နေ့နေ့မှာတော့ ရအောင် အကောင်အထည် ဖော်သွား မှာ ဖြစ်တယ်လို့ လည်းသိရပါတယ်။

"ကျွန်တော် မျှော်လင့်ထားတုန်းပါပဲ။ မှန်ကန်တဲ့ ဈေးနှုန်းနဲ့ ရမယ့်တစ်နေ့ ကျွန်တော် အာစင်နယ်ကို ၀ယ်မှာပါ" လို့ အသက် ၅၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ Dangote က Bloomberg သတင်းဌာန ကို ပြောခဲ့ပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ အာစင်ဝင်းဂါး အနေနဲ့ ပုံစံသစ်တစ်ခုကို ပြောင်းသင့်ပြီဖြစ်ကြောင်း နဲ့ လမ်းကြောင်းသစ်တစ်ခု လိုအပ်နေပြီဖြစ်ကြောင်းကို Aliko Dangote က လူသိရှင်ကြား ဝေဖန်အကြံ    ပေးလိုက်တာပါပဲ။

အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ထက်မနည်း ချမ်းသားကြွယ်ဝတဲ့ Dangote ရဲ့ အနေအထားဟာ လက်ရှိ အာစင်နယ်အသင်းရဲ့ ရှယ်ယာတွေကို အများဆုံးပိုင်ဆိုင်ထားတဲ့ Stan Kroenke နဲ့ ဥဇဘတ် နိုင်ငံသား  သန်းကြွယ်သူဋ္ဌေး Alisher Usmanov တို့ထက်ပင် ပိုမိုချမ်းသာ နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိ အာစင်နယ်ရဲ့ Emirates ကွင်းကြီးမှာ ဆရာလုပ်ဗိုလ်ကျနေတဲ့ ရှယ်ယာအများဆုံး ပိုင်ရှင် Stan Kroenke ကတော့ အသင်းကို ရောင်းလိုစိတ် ရှိမရှိ တော့ မသိရသေးပါဘူး။

လက်ရှိ အာစင်နယ်အသင်းရဲ့ ရှယ်ယာ အများဆုံးပိုင်ရှင် Stan Kroenke


Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment