Powered by Blogger.

Didier Drogba ကို ချဲလ်ဆီးမှာ ဆက်လက်ရှိနေစေချင်တဲ့ John Terry

ချဲလ်ဆီး အသင်းမှ ကစားဖော် ၂ ယောက် - Drogba နဲ့ John Terry




ချဲလ်ဆီး အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ John Terry က သူ့ရဲ့ အသင်းဖော်နောက်တစ်ယောက် ကို စာချုပ် အသစ်ထပ်မံ ချုပ်ဆိုဖို့ တိုက်တွန်းလိုက်ပြန်ပါပြီ။

အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှုး Didier Drogba ဟာ ဒီနှစ်နွေရာသီမှာ ချဲလ်ဆီး အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး သူကိုယ်တိုင်ကတော့ အသင်းမှာ ဆက်လက်ကစားလိုတဲ့ ဆန္ဒရှိနေပါ သေးတယ်။ 

John Terry ကလည်း Drogba နဲ့ အ၀တ်အစားလဲ ခန်းထဲမှာ ပြောဖြစ်တဲ့ စကားတွေအရ Drogba ဟာ အတွေ့အကြု များပြားသူဖြစ်ပြီး အရည်အချင်းရှိသူတစ်ယောက် ဖြစ်တယ်လို့ ချီးကျူးပြောဆိုထားပါတယ်။

ချဲလ်ဆီး ရဲ့ မန်နေဂျာဖြစ်တဲ့ Jose Mourinho ကတော့ ဒီနှစ်နွေရာသီမှာ အသင်းအတွက် တိုက်စစ်မှုး အသစ်တစ်ယောက် ကို ရှာဖွေဖို့ကြိုးစား နေပါတယ်။ ဒါပေမယ့်လည်း အသင်းခေါင်းဆောင် John Terry က တော့ Drogba ဟာ အသင်းရဲ့ တိုက်စစ်မှုး အဖြစ် ဆက်လက် ရှိနေရန် သင့်တော် တယ်လို့ ဆိုထားပါတယ်။ 

"Drogba က ပွဲတွေအများကြီး ဆက်ကစားချင်နေပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာ Diego Costa က ခြေ စွမ်းပြနေပြီး ဂိုးတွေဆက်တိုက်သွင်းယူနေပါတယ်။ဒါပေမယ့် Drogba ရဲ့ အတွေ့အကြုံနဲ့ ပွဲ မစခင် မှာ သူပြောတဲ့ စကားတွေကတော့ ပွဲပြီးသွားလို့ သင် လုံးဝ ဒေါင်းသွားတဲ့အချိန်မှာ အင်အားတွေ ပြန်လည် ဖြစ် စေနိုင်ပါတယ်" လို့ John Terry ကဆိုပါတယ်။ 

Drogba ကို လာမယ့် နှစ်ဘောလုံးရာသီအတွက် လေ့ကျင့်ရေးကွင်းထဲမှာ မြင်နေချင်ပြီး Drogba ဟာ ကွင်းထဲမှာရော ကွင်းပြင်မှာ ပါ ထူးခြားတဲ့ လူတစ်ယောက် ဖြစ်တယ်လို့လည်း John Terry က ဆိုပါတယ်။

Ref : www.mirror.co.uk


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment