လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား David De Gea |
မန်ချက်စတာ
ယူနိုက်တက်အသင်းဟာ ရီးရဲ မက်ဒရစ် အသင်းက စိတ်ဝင်စားနေတဲ့ ဂိုးသမား David De Gea ကို
အသင်းက ထွက်ခွာမသွားစေရန် တစ်ပတ်လုပ်အားခ စတာလင်ပေါင် ၂၀၀,၀၀၀ အထိ တိုးမြှင့်ပေးပြီး
ကမ်းလှမ်းခဲ့ပါတယ်။
David De
Gea ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တစ်ပတ်ကို လုပ်အားခ စတာလင်ပေါင် ၁၅၀,၀၀၀
နဲ့ ကစားနေသူဖြစ်ပြီး ရီးရဲ မက်ဒရစ် အသင်းက David De Gea ကို စိတ်ဝင်စားနေပြီး ခေါ်ယူဖို့လည်း
ကြိုးစားနေတဲ့အတွက် မန်ချက်စတာယူနိုက်တက် အသင်းက စာချုပ်ထပ်မံ ချုပ်ဆို ဖို့ ကမ်းလှမ်း
လိုက်တာပဲ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်သာ
ရှိသေးတဲ့ စပိန် လက်ရွေးစင် ဂိုးသမား David De Gea ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့
ကမ်းလှမ်းမှု ကို ပျော်ရွှင်စွာ လက်ခံ စာချုပ်ချုပ်ဆိုနိုင်ဖွယ်ရှိနေပြီး စာချုပ်ချုပ်ဆိုလိုက်ပါက
တစ်နှစ် လျှင် လုပ်အားခ စတာလင်ပေါင် ၁၀ သန်း ရရှိလာမယ့် ပရီးမီးယားလိဂ်ရဲ့ ဈေးအကြီးဆုံး
ဂိုးသမား တစ်ယောက် ဖြစ်လို့လာမှာပါ။
ဒါ့အပြင်
ဒီနှစ်ဘောလုံးရာသီအတွက် David De Gea ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်နေတဲ့အတွက်လည်း
အသင်းက သူ့ကို နှစ်ရှည် စာချုပ်ချုပ်ဆိုချင်နေတာဖြစ်ပါတယ်။
တစ်ကယ်တော့
လွန်ခဲ့တဲ့ ၄ နှစ်က အက်သလက်တီကို မက်ဒရစ် အသင်းကနေ မန်ချက်စတာယူနိုက်တက် သို့ ပြောင်းရွှေ့လာတဲ့
စပိန်နိုင်ငံသား De Gea ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၁၃ လ စာ ကျန်ရှိနေပါသေးတယ်။
တစ်ဖက်မှာက
ရီးရဲမက်ဒရစ် အသင်းကလည်း De Gea ကို စပိန်ဂိုးသမားဟောင်း Casillas လို ကြာရှည်အောင်မြင်တဲ့သူတစ်ယောက်
ဖြစ်စေချင်နေပြီး ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀ နဲ့ ကမ်းလှမ်းထားတဲ့ အတွက်လည်း
De Gea အတွက် ရွေးချယ်ရ ခက်နေစေမှာပါ။
Ref : www.mirror.co.uk
0 comments :
Post a Comment