Powered by Blogger.

ချဲလ်ဆီး အသင်းနဲ့ အတူ အောင်မြင်မှုတွေ ဆက်လက် ရယူသွားမယ်လို့ ဆိုလိုက်တဲ့ Jose Mourinho


ချဲလ်ဆီး အသင်းရဲ့  မန်နေဂျာ ဖြစ်တဲ့ Jose Mourinho ဟာ ပင်ပန်းနေပြီ ဖြစ်သော်လည်း ချဲလ်ဆီးအသင်းနဲ့ အတူ အောင်မြင်မှုတွေ ဆက်လက် ရယူသွားဦးမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ Crystal Palace အသင်းကို ၁ဂိုး - ဂိုးမရှိ နဲ့ အနိုင်ရပြီး တဲ့နောက် ဒီနှစ်ဘောလုံးရာသီ အတွက် ပရီးမီးယား လိဂ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Jose Mourinho က ချဲလ်ဆီး အသင်းအတွက် ၅ နှစ်အကြာမှာ ပထမ ဆုံး ပရီးမီးယားလိဂ် ဖလားကိုပြန်လည် ရယူပေးနိုင်ခဲ့တဲ့ အောင်မြင်မှု ဟာ သူရရှိခဲ့ ဖူး တဲ့ အောင်မြင် မှုတွေ အထဲမှာ အခမ်းနားဆုံး အောင်မြင်မှု တစ်ခုဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။ 

မီဒီယာတွေနဲ့ တွေ့ ဆုံတဲ့ အခါမှာလည်း Mourinho ကို ချဲလ်ဆီး အသင်းနဲ့ အတူ သမိုင်းသစ်တွေ ဆက် လက်ရေး သား သွားဦးမှာလားလို့ မေးမြန်းခဲ့တဲ့ အပေါ် Mourinho က “ကျွန်တော် ကြိုးစား သွား ဦး မှာ ပါ။ အောင်မြင်မှုတွေတိုင်းဟာ ပင်ပန်းခဲ့ရတဲ့အတွက် ဂုဏ်ယူ ဖို့ ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်။ကျွန်တော် ပင်ပန်းနေပါပြီ။ ကျွန်တော်အနားယူဖို့လိုအပ်ပါတယ်။

ဒါပေမယ့် သင်္ချာ သဘောအရတော့ ကျွန်တော်တို့ ချန်ပီယံဖြစ်ခဲ့ပါတယ်” လို့ဆိုပါတယ်။ ဒါ့အပြင် ချဲလ်ဆီး အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ Abramovich ရဲ့ အိမ်မှာ ဆုဖ လားတွေ ပြည့်နေတော့ မှာ ဖြစ်ပြီး နောက်နှစ်တွေ မှာလည်း ပိုမိုကောင်းမွန်တဲ့ ဆုဖလားတွေ ရရှိစေဖို့ ကြိုးစားသွားမယ်လို့ Mourinho က ဆိုပြန်ပါသေးတယ်။

ထို Crystal Palace  အသင်းနဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာ Mourinho ရဲ့  ဖခင်က နေမကောင်းဖြစ်နေပြီး ခွဲစိတ် ကုသမှု ပြု လုပ်ရမှာ ဖြစ်တဲ့အတွက် သီး သန့် လေ ယာဉ်နဲ့ ပေါ်တူဂီ ကို အမြန်ပြန်ခဲ့ရပါတယ်။ Mourinho ရဲ့ ဖခင်ဟာ လက်ရှိ အချိန် မှာတော့ ပြန်လည် ကျန်းမာလာပြီး သူ တို့ မိသားစုဟာ Mourinho ရဲ့ အောင်မြင် မှု အတွက် ဝေမျှ ပျော် ရွှင်နေကြ တယ် လို့လည်း သိရပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment