Powered by Blogger.

လာမယ့်ပွဲစဉ်မှာ မန်ယူအသင်း ပြောင်းလဲမှု ၅ ခု လုပ်မည်


ပရီးမီးယားလိဂ် ထိပ်တန်း အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲဗာတန် အသင်းကို ရှုံးနိမ့်ပြီးတဲ့နောက် အသင်းရဲ့ အားနည်းချက်ရှိနေတဲ့ အပိုင်းတွေကို ပြုပြင်တော့မယ် လို့ အသင်းရဲ့ မန်နေ ဂျာဖြစ် တဲ့ Louis Van Gaal က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ထို အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လည်း မန်ယူ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ Antonio Valencia နဲ့ Daley Blind တို့ကို Van Gaal က အပြစ် တင်ဝေဖန် ခဲ့ပါသေးတယ်။ 

ဒါကြောင့်လည်း အခုလာမယ့် စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အိုးထရက်ဖို့ဒ် ကွင်းက ၀က်စ်ဘရွန်း နဲ့ ပွဲစဉ်အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပထမဦးစားပေး ကစားသမား စာရင်းမှာ ပြောင်းလဲမှု ၅ ခု လောက်ကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း Van Gaal က ဆိုပါတယ်။ Valencia နဲ့ Blind တို့ရဲ့  ညာနောက်ခံ နဲ့ အလယ်ဗဟို နေရာတို့ကို Phil Jones နဲ့ Michael Carrick တို့နဲ့ အစားထိုးသွားမယ်လို့ သိရပါတယ်။ 

တိုက်စစ်မှုး Robin Van Persie ကိုလည်း အဲဗာတန်နဲ့ ပွဲစဉ်မှာ ဒူးခေါင်း ဒဏ်ရာ ရရှိခဲ့တဲ့ Wayne Rooney နေရာမှာ အစားထိုး ကစားစေ မှာ ဖြစ် ပါတယ်။မတ်လ ၉ ရက်နေ့က အာစင်နယ် အသင်းနဲ့ ကစားခဲ့တဲ့ FA ဖလား ပွဲစဉ်ပြီးကတည်းက အခုထိ အသင်း အတွက် တစ်ပွဲမှ မကစားရသေးတဲ့ ၊ စံချိန်တင်ပြောင်းရွှေ့  ကြေး စတာလင်ပေါင် ၅၉.၇ သန်းနဲ့ စာချုပ်ချုပ် ဆိုထားတဲ့ Angel Di Maria ကိုလည်း အခုလာမယ့် ပွဲစဉ် အတွက် ပထမဦးစားပေး စာရင်းမှာ ထည့် သွင်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment