Powered by Blogger.

တရုတ်နိုင်ငံဟာ Apple ရဲ့ ဒုတိယ မြောက် အကြီးဆုံး ဈေးကွက်တစ်ခုဖြစ်လာ


မနှစ်ကတည်းက စမတ် ဖုန်းဈေးကွက်မှာ မျက်နှာပြင်ကြီးမားတဲ့ ဖုန်းတွေရဲ့ ရောင်းအားနဲ့ ထိပ်ဆုံးက ရပ်တည်နေခဲ့တဲ့ Apple ဟာ ဒီနှစ်မှာလည်း ရောင်းအားကောင်းနေ ဆဲပဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ နောက်ဆုံး ၃ လမှာ ၇၄.၅ သန်း အရေအတွက်ရှိတဲ့ iPhone တွေကို Apple က ရောင်းချ နိုင်ခဲ့ပါတယ်။

တန်ဖိုးအားဖြင့်တော့ ဒေါ်လာ ၇၄.၆ ဘိလီယံ အထိ ၀င်ငွေရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၅ မှာ ကောက်ယူုခဲ့တဲ့ စာရင်းတွေ ကတော့ ၂၀၁၄ ရဲ့ ရောင်းအားကို မမှီသေးပါဘူး။ Apple ကုမ္မဏီဟာ ၂၀၁၅ ခုနှစ်ရဲ့ ရောင်းအားကို ထုတ်ပြန်ခဲ့ရာ မှာတော့ ၂၀၁၅ ရဲ့ ပထမ ၃ လအတွင်း ၆၁ သန်း အရေအတွက် ရှိတဲ့ iPhone တွေကို ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅၈ ဘီလီယံ အထိ ၀င်ငွေရရှိခဲ့ပါတယ်။ ဒါဟာ ကုမ္မဏီ ရဲ့ သမိုင်းမှာတော့ အကောင်းဆုံး ရလဒ်တွေ ဖြစ်နေပါသေးတယ်။ အခုလို iPhone ရောင်းအားမြင့်တက်လာတဲ့အဓိက အကြောင်း အရင်းကတော့ တရုတ်နိုင်ငံ ရဲ့ ၀ယ်ယူမှုတွေ မြင့်တက် လာတာကြောင့်လည်းဖြစ်ပါတယ်။

၂၀၁၅ ရဲ့ ပထမ ၃ လအတွင်း တရုတ်နိုင်ငံက ဒေါ်လာ ၁၆.၈ ဘီလီယံ တန်ဖိုးရှိတဲ့ iPhone အရေအတွက်ကို ၀ယ်ယူခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ Apple ရဲ့ ဒုတိယ မြောက် အကြီးဆုံး ဈေးကွက် တစ်ခုဖြစ်လာခဲ့ပါတယ်။ အမေရိ ကန်ပြည်ထောင်စုကတော့ Apple ရဲ့ အဓိက ဈေးကွက်ဖြစ်နေပြီး ဥရောပ ဈေးကွက်ကတော့ Apple အ တွက် တတိယ မြောက် အားထား ရတဲ့ နေရာ တစ်ခုသာဖြစ်နေပါသေးတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment